Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 13:18

Common Language Bible

ကောင်း​ကင်​တ​မန်​က``ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း။ ယင်း​မှာ​အံ့​သြ​ဖွယ် ကောင်း​သည့်​နာ​မ​ဖြစ်​၏'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​က``ကိုယ်​တော်​၏​နာမ​ကို​သိ​ပါ​ရ​စေ'' ဟု​လျှောက်​လေ​၏။ ထို​သူ​က``သင်​သည်​ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း'' ဟု​မေး​၏။ ထို​နောက် ယာ​ကုပ်​ကို​ကောင်း​ချီး​ပေး​လေ​၏။

ယာ​ကုပ်​က``ငါ​သည်​ဘု​ရား​သ​ခင်​ကို​မျက်​နှာ ချင်း​ဆိုင်​ဖူး​တွေ့​ရ​သော်​လည်း အ​သက်​ချမ်း သာ​ရ​လျက်​ရှိ​သေး​၏'' ဟု​ဆို​၍​ထို​အ​ရပ် ကို​ပေ​နွေ​လ​ဟု​သ​မုတ်​လေ​၏။-

လေ​ဝိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော​ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော ဒိ​ယ၊ ရှေ​ဗ​နိ​နှင့်​ပေ​သ​ဟိ​တို့​က၊ ``ထ​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လေ​၏။ ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လေ​၏။ ဘု​ရား​သ​ခင်​သည်​လူ​တို့​ချီး​မွမ်း​နိုင်​သည်​ထက် ပို​၍​ကြီး​မြတ်​တော်​မူ​သော်​လည်း ငါ​တို့​အ​ပေါင်း​သည်​ဘုန်း​ကြီး​သော​နာ​မ တော်​ကို ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ကုန်​အံ့'' ဟု ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​စ​တင်​ရန်​လူ​တို့​အား ခေါ်​ဖိတ်​ကြ​လေ​သည်။

သူ့​ကို​ရို​သေ​လေး​စား​၍​သူ့​စ​ကား​ကို​နား​ထောင် လော့။ သူ့​ကို​ငါ​စေ​လွှတ်​သော​ကြောင့်​သူ့​ကို​မ​ပုန် ကန်​နှင့်။ သူ​သည်​ထို​သို့​သော​ပုန်​ကန်​မှု​ကို​ခွင့် လွှတ်​လိမ့်​မည်​မ​ဟုတ်။-

ချင်း​နင်း​ဝင်​ရောက်​လာ​သော​ရန်​သူ​စစ်​သည် တို့​၏ ဖိ​နပ်​များ​နှင့်​သွေး​စွန်း​လျက် ရှိ​သည့်​အ​ဝတ်​အ​စား​များ​သည်​မီး​ရှို့ ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။

ငါ​တို့​အ​ဖို့​သူ​ငယ်​ကို​ဖွားမြင်​၏။ ငါ​တို့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ သူ​သည်​ငါ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။ ``သူ​၏​နာ​မ​တော်​ကို​အံ့​သြ​ဖွယ်၊'' ``တိုင်​ပင်​ဘက်'' ``တန်​ခိုး​ကြီး​သော​ဘု​ရား'' ``ထာ​ဝ​ရ​အ​ဖ'' ``ငြိမ်း​ချမ်း​ရေး​အ​ရှင်'' ဟူ​၍​နာ​မည်​တွင် လိမ့်​မည်။

ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​ခင် ပွန်း​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင်​၏​စေ​တ​မန် တော်​သည်​ကျွန်​မ​ထံ​သို့​လာ​ပါ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့​ပင် ကြောက်​မက်​ဖွယ်​ရာ​အ​ဆင်း​ကို​ဆောင်​ပါ​၏။ ကျွန်​မ​သည်​သူ့​အား`သင်​အ​ဘယ်​အ​ရပ်​မှ လာ​သ​နည်း' ဟူ​၍​မ​မေး​ပါ။ သူ​က​လည်း သူ​၏​နာ​မည်​ကို​ကျွန်​မ​အား​မ​ပြော​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ