မာနော်ကလည်းသင်၏နာမည်ကိုအကျွန်ုပ် သိပါရစေ။ သို့မှသာလျှင်သင်ပြောဆိုသည့် စကားများမှန်ကန်လာသောအခါ သင့်အား အကျွန်ုပ်တို့ဂုဏ်ပြုနိုင်ပါလိမ့်မည်'' ဟုပြန် ပြော၏။
ယာကုပ်က``ကိုယ်တော်၏နာမကိုသိပါရစေ'' ဟုလျှောက်လေ၏။ ထိုသူက``သင်သည်ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း'' ဟုမေး၏။ ထိုနောက် ယာကုပ်ကိုကောင်းချီးပေးလေ၏။
ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။-
ကောင်းကင်တမန်က``ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း။ ယင်းမှာအံ့သြဖွယ် ကောင်းသည့်နာမဖြစ်၏'' ဟုဆို၏။