Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 12:6

Common Language Bible

ဧ​ဖ​ရိမ်​ပြည်​သား​တစ်​စုံ​တစ်​ယောက်​သည် ထွက်​မြောက်​နိုင်​ရန် မြစ်​ကို​ဖြတ်​ကူး​ခွင့်​တောင်း ခံ​သည့်​အ​ခါ​တိုင်း​ဂိ​လဒ်​ပြည်​သား​တို့ က``သင်​သည်​ဧ​ဖ​ရိမ်​ပြည်​သား​လော'' ဟု မေး​စစ်​၏။ ``မ​ဟုတ်​ပါ'' ဟု​ဆို​လျှင်``ရှိ​ဗော လက်'' ဟူ​သော​စ​ကား​ကို​ဆို​စေ​၏။ သို့​ရာ တွင်​အ​ကယ်​၍​ထို​သူ​သည်​စ​ကား​ကို ပီ​သ​စွာ​မ​ပြော​နိုင်​ဘဲ``သိ​ဗော​လက်'' ဟု ဆို​ခဲ့​သော်​သူ့​အား​ဖမ်း​ဆီး​၍​ယော်​ဒန် မြစ်​ကူး​ရာ​အ​ရပ်​၌​သတ်​ကြ​သည်။ ထို စစ်​ပွဲ​၌​ဧ​ဖ​ရိမ်​ပြည်​သား​လေး​သောင်း နှစ်​ထောင်​ကျ​ဆုံး​ရ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​အား​ရေ​လွှမ်း​မိုး​စေ​တော်​မ​မူ​ပါ​နှင့်။ ရေ​နက်​ရာ​တွင်​နစ်​မြုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သင်္ချိုင်း​တွင်း​သို့​သက်​ဆင်း​စေ​တော်​မ​မူ ပါ​နှင့်။

ကျွန်​တော်​မျိုး​သည်​နက်​လှ​သော​ရွှံ့​ထဲ​တွင်​ကျွံ​နေ​ပါ​ပြီ။ ခြေ​နင်း​စ​ရာ​မြေ​မာ​မ​ရှိ​ပါ။ ကျွန်​တော်​မျိုး​သည်​ရေ​နက်​ထဲ​သို့​ရောက်​လျက် ရှိ​ပါ​၏။ လှိုင်း​လုံး​များ​သည်​ကျွန်​တော်​မျိုး​အား လွှမ်း​မိုး​ကြ​ပါ​တော့​မည်။

ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။

အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။

ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။

ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ဥ​ဖ​ရတ်​မြစ်​မှ​အီ​ဂျစ်​ပြည်​နယ်​စပ်​အ​ထိ မိ​မိ​လူ​တို့​ကို​တစ်​ယောက်​ပြီး​တစ်​ယောက် ယူ​တော်​မူ​၍​ဂျုံ​စ​ပါး​အ​ကောင်း​နှင့် အ​ညံ့ ကို​စ​ပါး​နယ်​လျက်​ခွဲ​ခြား​သ​ကဲ့​သို့​ခွဲ ခြား​တော်​မူ​မည်။

ထို​သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``နိုင်​ငံ​တစ်​ခု​တွင်​လူ​တို့​သည် စိတ်​ဝမ်း​ကွဲ​ပြား​လျက် အချင်း​ချင်း​တိုက်​ခိုက်​နေ​လျှင် ထို​နိုင်​ငံ​သည်​မ​ကြာ​မီ​ပျက်​စီး​လိမ့်​မည်။ ထို​နည်း တူ​လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​မြို့ သို့​မ​ဟုတ်​အိမ်​ထောင်​သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-

ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​အ​နီး တွင်​ရပ်​နေ​သော​သူ​များ​သည်​ပေ​တ​ရု​ထံ​လာ​၍ ``သင် သည်​အ​မှန်​ပင်​ထို​သူ​နှင့်​အ​ပေါင်း​ပါ​ဖြစ်​ကြောင်း​သင် ပြော​ပုံ​ဆို​ပုံ​အား​ဖြင့်​သိ​သာ​၏'' ဟု​ဆို​ကြ​၏။

ပေ​တ​ရု​သည်​လည်း​မ​ဟုတ်​ကြောင်း​ငြင်း​ဆို​ပြန်​၏။ ထို​နောက်​များ​မ​ကြာ​မီ​အ​နီး​တွင်​ရပ်​နေ​သူ​တို့ က ``သင်​သည်​ဂါ​လိ​လဲ​ပြည်​သား​ဖြစ်​သ​ဖြင့် အ​မှန်​ပင်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​သူ့​အား​ဆို​ကြ​၏။

သို့​သော်​သား​ရဲ​တိရစ္ဆာန်​အ​ချင်း​ချင်း​ကိုက်​သတ် ကြ​သ​ကဲ့​သို့ သင်​တို့​ပြု​ကြ​ပါ​လျှင် အ​ချင်း ချင်း​ဖျက်​ဆီး​ရာ​ရောက်​မည်​ဖြစ်​ကြောင်း​သ​တိ ပြု​ကြ​လော့။

ဧ​ဖ​ရိမ်​ပြည်​သား​တို့​မ​လွတ်​မြောက်​နိုင်​စေ ရန်​ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ် တစ်​ဘက်​ကမ်း​သို့​ကူး​ဖြတ်​နိုင်​သည့်​နေ ရာ​ရှိ​သ​မျှ​ကို​သိမ်း​ထား​ကြ​၏။-

ယေ​ဖ​သ​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​ခြောက်​နှစ်​မျှ​ခေါင်း​ဆောင်​ပြီး​နောက် ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို​ဂိ​လဒ် ပြည်​ရှိ​သူ​၏​ဌာ​နေ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ