သူကြီး 12:5Common Language Bibleဧဖရိမ်ပြည်သားတို့မလွတ်မြောက်နိုင်စေ ရန်ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ် တစ်ဘက်ကမ်းသို့ကူးဖြတ်နိုင်သည့်နေ ရာရှိသမျှကိုသိမ်းထားကြ၏။- အခန်းကိုကြည့်ပါ။ |
အခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။
ဧဖရိမ်ပြည်သားတစ်စုံတစ်ယောက်သည် ထွက်မြောက်နိုင်ရန် မြစ်ကိုဖြတ်ကူးခွင့်တောင်း ခံသည့်အခါတိုင်းဂိလဒ်ပြည်သားတို့ က``သင်သည်ဧဖရိမ်ပြည်သားလော'' ဟု မေးစစ်၏။ ``မဟုတ်ပါ'' ဟုဆိုလျှင်``ရှိဗော လက်'' ဟူသောစကားကိုဆိုစေ၏။ သို့ရာ တွင်အကယ်၍ထိုသူသည်စကားကို ပီသစွာမပြောနိုင်ဘဲ``သိဗောလက်'' ဟု ဆိုခဲ့သော်သူ့အားဖမ်းဆီး၍ယော်ဒန် မြစ်ကူးရာအရပ်၌သတ်ကြသည်။ ထို စစ်ပွဲ၌ဧဖရိမ်ပြည်သားလေးသောင်း နှစ်ထောင်ကျဆုံးရကြလေသည်။
သူက``ငါ့နောက်သို့လိုက်ကြလော့။ ထာဝရ ဘုရားသည်သင်တို့အားရန်သူဖြစ်သော မောဘအမျိုးသားတို့အပေါ်၌အောင်ပွဲ ခံစေတော်မူပြီ'' ဟုသူတို့အားပြောလေ သည်။ သို့ဖြစ်၍ဣသရေလအမျိုးသား တို့သည်တောင်ကုန်းပေါ်မှဆင်း၍ ဧဟုဒ၏ နောက်သို့လိုက်ပြီးလျှင်မောဘအမျိုးသား တို့ကူးရာယော်ဒန်မြစ်ကူးဆိပ်ကိုသိမ်း ယူကြလေသည်။ ရန်သူတို့တစ်ယောက်မျှ မြစ်ကိုကူးခွင့်မရကြ။-
ဂိဒေါင်သည်ဧဖရိမ်တောင်ကုန်းဒေသအရပ် ရပ်သို့စေတမန်များကိုလွှတ်၍``မိဒျန်အမျိုး သားတို့အားတိုက်ခိုက်ရန်ဆင်းခဲ့ကြလော့။ ယော်ဒန်မြစ်ကိုလည်းကောင်း၊ ဗက်ဗာရရွာတိုင် အောင်ရှိသမျှသောချောင်းငယ်တို့ကိုလည်း ကောင်း ထိုသူတို့မကူးမဖြတ်နိုင်စေရန်သိမ်း ယူကြလော့'' ဟုမှာကြားလိုက်၏။ ဧဖရိမ် အနွယ်ဝင်အပေါင်းတို့သည်စုရုံးပြီးလျှင် ယော်ဒန်မြစ်နှင့်ဗက်ဗာရရွာအထိချောင်း ငယ်ရှိသမျှတို့ကိုသိမ်းယူကြ၏။-