Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 1:33

Common Language Bible

န​ဿ​လိ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ ဗေ​သ​နတ်​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား​နှင် မ​ထုတ်​ကြ​ဘဲ ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ​ကာ​သူ​တို့​အား ချွေး​တပ်​ဆွဲ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​သ​ဖြင့် လည်း​ကောင်း ကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ကျိုး​ကို ပေး​သ​နား​တော်​မူ​၏။

ထို​မြို့​မှ​လှည့်​ပြီး​လျှင်​အ​နောက်​တောင်​ကုန်း ဒေ​သ​သို့​ရောက်​၍​ယာ​ရိမ်​တောင်(သို့​မ​ဟုတ် ခေ​သ​လုန်​တောင်) မြောက်​ဘက်​မှ​အောက်​ဘက် ရှိ​ဗက်​ရှေ​မက်​မြို့​သို့​ရောက်​ပြီး​နောက် တိ​မ​နာ​မြို့​ကို​ဖြတ်​၍​သွား​သည်။-

ဇေ​ဗု​လုန်​အ​နွယ်​ဝင်​တို့​က​လည်း ကိ​တ​ရုန် မြို့​နှင့်​န​ဟာ​လော​လ​မြို့​တို့​တွင်​နေ​ထိုင်​သူ တို့​အား​နှင်​မ​ထုတ်​ဘဲ​နေ​ကြ​သ​ဖြင့် ခါ​နာန် အ​မျိုး​သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက် လက်​နေ​လျက်​သူ​တို့​၏​ချွေး​တပ်​ဆွဲ​ခြင်း ကို​ခံ​ရ​ကြ​၏။

ထို့​ကြောင့်​အာ​ရှာ​အ​မျိုး​သား​တို့​သည်​ယင်း ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား​တို့​နှင့်​အ​တူ နေ​ထိုင်​ရ​ကြ​၏။

အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​ဒန်​အ​နွယ်​ဝင် တို့​အား တောင်​ကုန်း​ဒေ​သ​သို့​နှင်​ထုတ်​လိုက်​ကြ ပြီး​လျှင်​ချိုင့်​ဝှမ်း​ဒေ​သ​သို့​ပြန်​လာ​ခွင့်​မ​ပြု ကြ။-

အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​အာ​ဇ​လုန်​မြို့၊ ရှာ​လ​ဗိမ်​မြို့​နှင့်​ဟေ​ရက်​တောင်​စ​ခန်း​မြို့​တို့ တွင်​ဆက်​လက်​နေ​ထိုင်​ကြ​၏။ သို့​ရာ​တွင်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​သူ တို့​အား​ဆက်​လက်​အုပ်​စိုး​၍​ချွေး​တပ်​ဆွဲ​ကြ လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ