ထို့ကြောင့်အာရှာအမျိုးသားတို့သည်ယင်း ဒေသခံခါနာန်အမျိုးသားတို့နှင့်အတူ နေထိုင်ရကြ၏။
သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
အာရှာအနွယ်ဝင်တို့သည်အက္ခောမြို့၊ ဇိဒုန်မြို့၊ အာလပ်မြို့၊ အာခဇိပ်မြို့၊ ဟေလဗမြို့၊ အာဖိတ် မြို့၊ ရဟောဘမြို့တို့တွင်နေထိုင်သူတို့အား နှင်မထုတ်ခဲ့ကြချေ။-
နဿလိအနွယ်ဝင်တို့သည်ဗက်ရှေမက်မြို့၊ ဗေသနတ်မြို့တို့တွင်နေထိုင်သူတို့အားနှင် မထုတ်ကြဘဲ ဒေသခံခါနာန်အမျိုးသား တို့နှင့်အတူနေထိုင်ကြကာသူတို့အား ချွေးတပ်ဆွဲကြလေသည်။