Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 10:4

Common Language Bible

ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဣ​ဇာက်​၏​အ​စေ​ခံ​တို့​က​သူ​တို့​တူး​သော​ရေ တွင်း​ရေ​ထွက်​ကြောင်း​ဣ​ဇက်​အား​ပြော​ပြ​ကြ​၏။-

အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။

စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။

လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။

ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။

ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။

အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။

ပျင်းရိသော သဘောသည် လွန်ကျူးစွာ အိပ် ပျော်စေ၍၊ ပျင်းရိသောသူသည် အငတ်ခံရ၏။

ပျင်းရိသောသူသည် မိမိလက်ကို အိုး၌ သွင်း သော်လည်း တဖန်နှုတ်၍ မိမိပစပ်သို့ မခွံ့လို။

ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။

ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို။ ထိုကြောင့် စပါးရိတ်သော ကာလ၌သူတပါးကို တောင်းသော်လည်း မရရာ။

လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။

အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်၏။

ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ