Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 10:3

Common Language Bible

ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

စားစရာကို ရှာ၍လှည့်လည်ရ၏။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။

သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။

အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။

သူ​ယုတ်​မာ​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​သော​အ​ခါ​ဒေါ​သ​ထွက်​၍​အံ​သွား​ခဲ ကြိတ်​လျက် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လို​ဆန္ဒ​သည်​ပျက်​ပြား​ရ​လိမ့်​မည်။

ကိုယ်​တော်​သည်​ထို​သူ​တို့​အား​သေ​ဘေး​မှ ကယ်​တော်​မူ​၏။ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ရာ​ကာ​လ​များ​၌ သူ​တို့​အား​အ​သက်​ရှင်​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။

ခဲ​ယဉ်း​ရာ​ကာ​လ​များ​၌​သူ​တို့​သည် ဒုက္ခ​ရောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ချိန်​များ​၌​အ​စာ ရေ​စာ လုံ​လောက်​စွာ​ရ​ရှိ​ကြ​လိမ့်​မည်။

ယ​ခု​အ​ခါ​ငါ​သည်​အ​သက်​ကြီး​ရင့်​လေ​ပြီ။ ငါ​သည်​ကြာ​ရှည်​စွာ​အ​သက်​ရှင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​သူ​တော်​ကောင်း​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ပစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​၏​သား​သ​မီး​တို့​တောင်း​စား​ရ​သည်​ကို လည်း​ကောင်း တစ်​ချိန်​တစ်​ခါ​မျှ​ငါ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။

ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက် အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။

ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသော သူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။

မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။

စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။

တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။

သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။

ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ထို​အ​ရာ​များ​ကို လည်း​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ