ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အတွက် အောက်ပါပြဋ္ဌာန်းချက်များကို မောရှေအားဖြင့်ချမှတ်ပေးတော်မူ၏။ သိုး၊ ဆိတ်၊ နွားတို့၏အဆီကိုမစားရ။-
ထိုအပြင်တစ်စုံတစ်ယောက်သည်လူမှဖြစ် စေ၊ တိရစ္ဆာန်မှဖြစ်စေ၊ ဘာသာရေးထုံးနည်း အရမသန့်စင်သောအရာတစ်စုံတစ်ခုနှင့် ထိမိပြီးမှ ထိုယဇ်ကောင်၏အသားကိုစား လျှင် ထိုသူသည်ထာဝရဘုရား၏လူမျိုး တော်မှပယ်ထုတ်ခြင်းခံရမည်။