Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 7:21

Common Language Bible

ထို​အ​ပြင်​တစ်​စုံ​တစ်​ယောက်​သည်​လူ​မှ​ဖြစ် စေ၊ တိ​ရစ္ဆာန်​မှ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​ပြီး​မှ ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား လျှင် ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​သော ယောကျာ်း​သည် ငါ​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ထိန်း​သော​သူ​ဖြစ်​ခြင်း​ကြောင့် ငါ​၏​လူ​မျိုး တော်​ဝင်​အ​ဖြစ်​မှ​ထုတ်​ပယ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ခု​နစ်​ရက် ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်။ ပ​ထ​မ နေ့​တွင်​သင်​တို့​၏​အိမ်​များ​မှ​တ​ဆေး​ကို ဖယ်​ရှား​ရ​မည်။ ထို​ခု​နစ်​ရက်​အ​တွင်း​၌​တစ် စုံ​တစ်​ယောက်​သော​သူ​သည် တ​ဆေး​ပါ​သော မုန့်​ကို​စား​မိ​လျှင်​ထို​သူ​သည်​ငါ​၏​လူ​မျိုး တော်​မှ​အ​ပယ်​ခံ​ရ​မည်။-

ခု​နစ်​ရက်​ပတ်​လုံး​သင်​တို့​၏​အိမ်​များ​တွင် တ​ဆေး​မ​ရှိ​စေ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား ဖြစ်​စေ၊ အ​ခြား​အ​မျိုး​သား​ဖြစ်​စေ မည်​သူ မ​ဆို​တ​ဆေး​ပါ​သော​မုန့်​ကို​စား​မိ​လျှင် ထို သူ​သည်​ငါ​၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်။-

``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား သင်​တို့​သည်​အ​မဲ​သား​နှင့် အ​တူ​သွေး​ကို​လည်း​စား​ကြ​၏။ ရုပ်​တု​များ ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။ လူ​၏​အ​သက်​ကို သတ်​ကြ​၏။ သို့​ပါ​လျက်​ဤ​ပြည်​ကို​သင်​တို့ အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​သ​နည်း။-

သို့​ရာ​တွင်``အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ကျွန်​တော် မျိုး​သည်​အ​ဘယ်​အ​ခါ​၌​မျှ မိ​မိ​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​ခဲ့​ဘူး​ပါ။ က​လေး​အ​ရွယ်​မှ စ​၍​အ​ဘယ်​အ​ခါ​၌​မျှ အ​လို​အ​လျောက် သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​သော်​လည်း ကောင်း၊ သား​ရဲ​များ​ကိုက်​၍​သေ​သည့်​တိ​ရစ္ဆာန် ၏​အ​သား​ကို​သော်​လည်း​ကောင်း မ​စား​ခဲ့ ဘူး​ပါ။ ကျွန်​တော်​မျိုး​သည်​မ​သန့်​စင်​ဟု ယူ​ဆ​သည့်​အ​စား​အ​စာ​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မ​စား​ခဲ့​ဘူး​ပါ'' ဟု​လျှောက်​၏။

ခုန်​ဆွ​သွား​တတ်​သည့်​ပိုး​ကောင်​များ​မှ​လွဲ​၍ အ​တောင်​ရှိ​ပိုး​ကောင်​ဟူ​သ​မျှ​သည်​မ​သန့်​ရှင်း၊-

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အောက်​ပါ​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော်​မူ​၏။ အ​မျိုး သ​မီး​တစ်​ဦး​သည်​ဋ္ဌမ္မ​တာ​ရာ​သီ​ပေါ်​ချိန်​၌ မ​သန့်​ရှင်း​သ​ကဲ့​သို့ သား​ယောကျာ်း​ကို​ဖွား​မြင် ပြီး​ခု​နစ်​ရက်​အ​တွင်း​တွင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​ချေ။-

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ သွေး​ပါ​သော​အ​သား​ကို​စား လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​ကို​မျက်​နှာ လွှဲ​၍ မိ​မိ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​တော် မူ​လိမ့်​မည်။-

သတ္တ​ဝါ​တိုင်း​၏​အ​သက်​သည်​သွေး​၌​တည်​သော ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သွေး ပါ​သော​အ​သား​ကို​မ​စား​ရ။ စား​သော​သူ​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း ကို​ခံ​ရ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။

ထို​သို့​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့်​ကို​ပြု ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။

ထို​အ​သား​ကို​စား​သော​သူ​သည် ငါ့​အ​တွက် ဆက်​ကပ်​ထား​သော​ပူ​ဇော်​သ​ကာ​ကို​မ​ရို မ​သေ​ပြု​သော​ကြောင့် သူ့​အား​ငါ​၏​လူ​မျိုး တော်​မှ​ထုတ်​ပယ်​မည်။

မည်​သူ​မ​ဆို​မိ​မိ​၏​သား​သ​မီး​ကို​မော​လုတ်​ဘု​ရား​အား​ကိုး​ကွယ်​ရာ​တွင်​ပေး​အပ်​ခြင်း​အား​ဖြင့်​ငါ​၏​တဲ​တော်​ကို​ညစ်​ညမ်း​စေ​၍​ငါ​၏​နာမ​တော်​ကို​ရှုတ်​ချ​လျှင် ငါ​သည်​ထို​သူ​ကို​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။-

သင်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​သူ​သည်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် သူ သည်​နောက်​တစ်​ဖန်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော​ဝတ် ကို​မ​ဆောင်​ရွက်​ရ။ ဤ​ပ​ညတ်​ကို​သင်​တို့ ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

``အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သော​သူ​ဖြစ်​စေ၊ ရိ​နာ​စွဲ​သူ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​မ​ရ​ရှိ မီ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​များ ကို​မ​စား​ရ။ ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​နှင့် ထိ​၍ မ​သန့်​စင်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ကိုင် တွယ်​မိ​လျှင်​သော်​လည်း​ကောင်း၊ သုက်​ရည်​ယို လျှင်​သော်​လည်း​ကောင်း၊-

ထို​နေ့​၌​အ​စား​အ​စာ​တစ်​စုံ​တစ်​ခု​ကို​စား သော​သူ​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ ထုတ်​ပယ်​ရ​မည်။-

မ​သန့်​ရှင်း​သူ​က​ထို​အ​သား​ကို​စား​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ် ထုတ်​ခြင်း​ခံ​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​အား​ဖြင့်​ချ​မှတ်​ပေး​တော်​မူ​၏။ သိုး၊ ဆိတ်၊ နွား​တို့​၏​အ​ဆီ​ကို​မ​စား​ရ။-

ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် သော​ယဇ်​ကောင်​၏​အ​ဆီ​ကို​စား​သော​သူ သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။-

ဤ​ပ​ညတ်​ကို​ချိုး​ဖောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ မည်။

မ​သန့်​စင်​သူ​ကိုင်​တွယ်​မိ​သ​မျှ​တို့​သည်​ညစ် ညမ်း​လာ​သ​ဖြင့် ထို​အ​ရာ​ဝတ္ထု​များ​ကို​ကိုင် တွယ်​မိ​သူ​သည်​ည​နေ​သို့​တိုင်​အောင်​မ​သန့် စင်​ဘဲ​ရှိ​လိမ့်​မည်။

ဆူး​တောင်​နှင့်​အ​ကြေး​မ​ရှိ​သော​ရေ​သတ္တ​ဝါ များ​ကို​မူ​ကား​မ​စား​ရ။ ယင်း​တို့​ကို​မ​သန့် ဟု​မှတ်​ရ​မည်။

``ထာ​ဝ​ရ​ဘု​ရား​က​မ​သန့်​ဟု​သတ်​မှတ်​သော တိ​ရစ္ဆာန်​ဟူ​သ​မျှ​၏​အ​သား​ကို​မ​စား​ရ။-

သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ