ဝတ်ပြု 25:25Common Language Bibleဣသရေလအမျိုးသားချင်းတစ်ဦးသည် ဆင်းရဲနွမ်းပါးသဖြင့် မိမိ၏မြေကိုရောင်း ချရလျှင် သူနှင့်အနီးစပ်ဆုံးဆွေမျိုးသား ချင်းကထိုမြေကိုပြန်၍ဝယ်ယူရမည်။- အခန်းကိုကြည့်ပါ။ |
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။
နောမိကလည်း``ထာဝရဘုရားသည် ဗောဇ အားကောင်းချီးပေးတော်မူပါစေသော။ ထာဝရ ဘုရားသည်အသက်ရှင်သူ၊ သေသူတို့အား မိမိထားရှိသည့်ကတိတော်တို့ကိုအစဉ် အမြဲတည်စေတော်မူပါ၏'' ဟုဆိုပြီးလျှင် ဆက်လက်၍``ဤသူသည်ငါတို့နှင့်ဆွေမျိုး ရင်းချာတော်စပ်၍ ငါတို့အားကြည့်ရှုစောင့် ရှောက်ရန်အတွက်တာဝန်ရှိသူတစ်ဦးဖြစ် သည်'' ဟုဆို၏။