Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 25:24

Common Language Bible

မြေ​ကို​ရောင်း​ချသည့်​အ​ခါ​မူ​လ​ပိုင်​ရှင်​က ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကုန်​သွယ်​သူ​သည်​မိ​မိ​ရောင်း​လိုက်​သည့်​မြေ​ယာ ကို​ပြန်​လည်​ရ​ရှိ​ရန် အ​သက်​ရှည်​နိုင်​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​နှင့် ဆိုင်​သော​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို ပြန်​လည်​ပြင်​ဆင်​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ သူ​တို့​အ​ပြစ်​ကြောင့်​ဆိုး​ညစ်​သူ​တို့​သည် မ​သေ​ဘဲ​ကျန်​ရစ်​နိုင်​ကြ​မည်​မ​ဟုတ်။-

မြေ​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား​သ​ခင်​သာ​ပိုင် သ​ဖြင့် ယင်း​ကို​အ​ပြီး​အ​ပိုင်​မ​ရောင်း​ရ။ သင် တို့​သည်​ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှင့်​သာ ထို ပြည်​သို့​ဝင်​ရောက်​အ​ခြေ​စိုက်​နေ​ထိုင်​သူ များ​ဖြစ်​ကြ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​သည် ဆင်း​ရဲ​နွမ်း​ပါး​သ​ဖြင့် မိ​မိ​၏​မြေ​ကို​ရောင်း ချ​ရ​လျှင် သူ​နှင့်​အ​နီး​စပ်​ဆုံး​ဆွေ​မျိုး​သား ချင်း​က​ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ရ​မည်။-

ထို​အ​ခါ​၌​သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည် ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ သေး​သော​နှစ်​များ​ကို​တွက်​ချက်​၍​ပေး​သင့် ပေး​ထိုက်​သော​တန်​ဖိုး​ကို​ပေး​၍​ဝယ်​ရ​မည်။ မည်​သို့​ပင်​ဖြစ်​စေ​သူ​သည်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ မိ​မိ​ပိုင်​မြေ​ကို ပြန်​လည်​ရ​ရှိ​မည်။-

မြို့​ရိုး​မ​ရှိ​သော​ကျေး​ရွာ​များ​၌​ရှိ​သည့် အိမ်​များ​ကို​ရောင်း​ဝယ်​ရာ​တွင်​လယ်​ယာ များ​ကို​ရောင်း​ဝယ်​သည့်​နည်း​အ​တိုင်း​လိုက် နာ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် ပေး​ရ​မည်။-

အ​ဖန်​ဆင်း​ခံ​လော​က​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​ဦး​ဆုံး​ဆု​ကျေး​ဇူး​ဖြစ်​သည့် ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ခွင့်​ကို​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကယ်​တင်​ခြင်း​ခံ​ရ ခွင့်​ကို​လည်း​ကောင်း စောင့်​မျှော်​ကာ​ညည်း​တွား လျက်​ရှိ​ကြ​ပေ​သည်။-

ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-

ဝိ​ညာဉ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း ငါ​တို့ ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက်​ဖြစ် တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ ပိုင်​တော်​မူ​သော​သူ​တို့​အား လုံး​ဝ​လွတ်​မြောက် စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​ယုံ​ကြည် စိတ်​ချ​နိုင်​ပေ​သည်။ ငါ​တို့​သည်​ကိုယ်​တော် ၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ထော​မ​နာ​ပြု​ကြ​ကုန်​စို့။

ငါ​တို့​သည်​ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း ကြောင့်၊ မိ​မိ​တို့​အ​ပြစ်​၏​အ​နှောင်​အ​ဖွဲ့​မှ​လွတ် မြောက်​ကြ​ရ​၏။ တစ်​နည်း​အား​ဖြင့်​အ​ပြစ်​ဖြေ လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ ငါ​တို့​အား​ဘု​ရား သ​ခင်​ဤ​ကဲ့​သို့​ရက်​ရော​စွာ​ချ​ပေး​တော်​မူ သည့်​ကျေး​ဇူး​တော်​သည်​အ​လွန်​ကြီး​မြတ် လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​ဉာဏ်​ပ​ညာ​အ​သိ​ပ​ညာ​နှင့်​ကြွယ်​ဝ ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ၊-

ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​စိတ် မ​နာ​စေ​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော် သည် သင်​တို့​အား​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​ကြောင်း သက်​သေ​ခံ​တံ​ဆိပ်​အ​မှတ်​အ​သား​ဖြစ်​၍ နောက်​ဆုံး သော​နေ့​ရက်​၌​သင်​တို့​သည်​ကိုယ်​တော်​၏​ကယ်​တင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက် ဖြစ်​သော​ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ