Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 25:19

Common Language Bible

မြေ​မှ​အ​သီး​အ​နှံ​ထွက်​သ​ဖြင့် သင်​တို့​သည် ဝ​လင်​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​ကျွန်ုပ်​၏​ခ​မည်း​တော် အား`သင့်​နောက်​၌​ငါ​မင်း​မြှောက်​မည့်​သူ​သင် ၏​သား​သည် ငါ့​အ​တွက်​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်' ဟု​က​တိ​ထား​တော် မူ​ခဲ့​ပါ​၏။ ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​အ​တွက် ထို​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန်​ယ​ခု ကျွန်ုပ်​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​ပြီ။-

မြေ​ကြီး​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ပွား​စေ​ပြီ။ ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကြွယ်​ဝ​ချမ်း​သာ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ပြည်​သည်​လည်း​ကောက်​ပဲ​သီး​နှံ များ​စွာ​ထွက်​လိမ့်​မည်။

ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။

အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​မည်​ဆို​ပါ​က မြေ​ထွက်​သီး​နှံ​ကောင်း​များ​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။-

သင်​တို့​သီး​နှံ​များ​ကို​စိုက်​ပျိုး​ကြ​သည့် အ​ခါ​တိုင်း​အ​ပင်​ပေါက်​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​ကို​ရွာ​သွန်း​စေ​တော်​မူ လိမ့်​မည်။ သင်​တို့​ရိတ်​သိမ်း​ရန်​အ​သီး​အ​နှံ များ​ကို​လှိုင်​လှိုင်​ထွက်​စေ​၍ ကျွဲ​နွား​များ သည်​လည်း​စား​ကျက်​အ​လုံ​အ​လောက်​ရ​ရှိ ကြ​လိမ့်​မည်။-

ငါ​သည်​သစ်​သီး​ဝ​လံ​များ​နှင့်​ကောက်​ပဲ သီး​နှံ​များ​ကို​အ​ထွက်​တိုး​စေ​မည်။ ဤ နည်း​အား​ဖြင့်​လူ​မျိုး​တ​ကာ​တို့​တွင်​သင် တို့​ကို​အ​သ​ရေ​ပျက်​စေ​သည့်​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ကပ်​သင့်​တော့​မည် မ​ဟုတ်။-

ကောက်​နယ်​တ​လင်း​တို့​သည်​ဂျုံ​ဆန်​များ​နှင့် ပြည့်​နှက်​နေ​လိမ့်​မည်။ အ​သီး​နယ်​ရာ​ကျင်း​တို့​သည်​လည်း​စ​ပျစ် ရည်​နှင့် သံ​လွင်​ဆီ​တို့​ဖြင့်​လျှံ​လျက်​နေ​လိမ့်​မည်။

ယ​ခု​အ​ခါ​သင်​တို့​သည်​အ​စာ​ရေ​စာ အ​လုံ​အ​လောက် ရ​ရှိ​ကြ​မည်​ဖြစ်​၍၊ရောင့်​ရဲ​လျက်​နေ​လိမ့်​မည်။ သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​အံ့​သြ​ဖွယ် အ​မှု​များ​ကို​ပြု​တော်​မူ​သော၊ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​၌​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။

သင်​တို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ​ထိုင်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​လော့။-

လယ်​များ​ကို​မ​စိုက်​မ​ပျိုး၊ အ​သီး​အ​နှံ​များ ကို​မ​စု​မ​သိမ်း​ရ​သော​သတ္တ​မ​နှစ်​တွင်​မည် ကဲ့​သို့​စား​ရ​ပါ​မည်​နည်း​ဟူ​၍​တစ်​စုံ​တစ် ယောက်​က​မေး​ကောင်း​မေး​လိမ့်​မည်။-

ငါ​သည်​အ​ချိန်​တန်​သော​အ​ခါ​မိုး​ကို​ရွာ​စေ သ​ဖြင့် လယ်​များ​မှ​အ​သီး​အ​နှံ​ထွက်​လျက် သစ်​သီး​ပင်​များ​မှ​အ​သီး​သီး​ကြ​လိမ့်​မည်။-

အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။

``ငါ​သည်​သင်​တို့​၏​ပြည်​ကို​အေး​ချမ်း​သာ​ယာ စေ​သ​ဖြင့် သင်​တို့​သည်​ည​အ​ခါ​ဘေး​ရန်​အ​တွက် စိုး​ရိမ်​ကြောင့်​ကြ​မှု​မ​ရှိ​ဘဲ​အိပ်​ရ​လိမ့်​မည်။ ငါ သည်​သင်​တို့​ပြည်​မှ​သား​ရဲ​များ​ကို​ဖယ်​ရှား​မည်။ စစ်​ဘေး​စစ်​ဒဏ်​ကို​နောက်​တစ်​ဖန်​မ​ခံ​စား​စေ​ရ။-

သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ပြည်​ကို သင်​တို့​အား​သိမ်း​ပိုက်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ သ​ဖြင့် သင်​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် နိုင်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ