Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 25:18

Common Language Bible

သင်​တို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ​ထိုင်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​ကျွန်ုပ်​၏​ခ​မည်း​တော် အား`သင့်​နောက်​၌​ငါ​မင်း​မြှောက်​မည့်​သူ​သင် ၏​သား​သည် ငါ့​အ​တွက်​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်' ဟု​က​တိ​ထား​တော် မူ​ခဲ့​ပါ​၏။ ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​အ​တွက် ထို​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန်​ယ​ခု ကျွန်ုပ်​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​ပြီ။-

ကျွန်​တော်​မျိုး​သည်​လဲ​လျောင်း​လိုက်​သော​အ​ခါ ငြိမ်​သက်​စွာ​အိပ်​ပျော်​သွား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​ကျွန်​တော်​မျိုး​အား​လုံ​ခြုံ​စွာ နေ​နိုင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​၏။

ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။

ထို​မင်း​နန်း​စံ​ချိန်​၌​ယု​ဒ​ပြည်​သား​တို့​သည် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လျက်၊ ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထို​မင်း​၏​ဘွဲ့ နာ​မ​ကို``ငါ​တို့​အား​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ လိမ့်​မည်။

သင်​တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​များ​အား အ​ပြီး​အ​ပိုင် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​ခဲ့​သည့်​ပြည်​တော်​တွင်​နေ​ထိုင်​ကြ​စေ​ရန် ထို​ပ​ရော​ဖက်​တို့​သည်​သင်​တို့​လိုက်​လျှောက် လျက်​ရှိ​သည့်​လမ်း​စဉ်​နှင့်​ပြု​ကျင့်​လျက်​ရှိ သည့်​မ​ကောင်း​မှု​တို့​ကို​ရှောင်​ကြဉ်​ရန်​ပြော ကြား​ခဲ့​ကြ​၏။-

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယု​ဒ​ပြည်​သူ​တို့​သည်​ကယ်​ဆယ်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ သည်​လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​မြို့​တော်​ကို`ငါ​တို့​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား' ဟူ​၍​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်။-

ငါ​သည်​လူ​တို့​အား​အ​ပြစ်​များ​အ​တွက်​ဒဏ် ခတ်​၍ သူ​တို့​၏​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

``ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​လော့။ မျိုး မ​တူ​သော​အိမ်​မွေး​တိ​ရစ္ဆာန်​ချင်း​သား​မ​စပ်​ရ။ လယ်​တစ်​ကွက်​တည်း​တွင်​အ​သီး​အ​နှံ​နှစ်​မျိုး ကို​မ​စိုက်​ပျိုး​ရ။ ချည်​မျှင်​နှစ်​မျိုး​ဖြင့်​ရက် လုပ်​သော​အ​ထည်​ကို​မ​ဝတ်​ဆင်​ရ။

ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘုရား ဖြစ်​တော်​မူ​၏။''

မြေ​မှ​အ​သီး​အ​နှံ​ထွက်​သ​ဖြင့် သင်​တို့​သည် ဝ​လင်​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-

သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ပြည်​ကို သင်​တို့​အား​သိမ်း​ပိုက်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ သ​ဖြင့် သင်​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် နိုင်​လိမ့်​မည်။-

ဗင်္ယာ​မိန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။ ``ဗင်္ယာ​မိန်​အ​နွယ်​ကို​ထာ​ဝရ​ဘု​ရား​ချစ်​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နေ​ကုန် စောင့်​ရှောက်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​ကာ​အ​ကွယ် အောက်​တွင်​လုံ​ခြုံ​စွာ​နေ​ကြ​ရ​၏။''

သို့​ဖြစ်​၍​ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​တို့​သည် မိုး​ကောင်း​ကင်​မှ​နှင်း​ကျ​သော၊ စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​ကြွယ်​ဝ​သော ပြည်​တွင် အေး​ချမ်း​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ