Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 25:14

Common Language Bible

သို့​မှ​သာ​သင်​သည်​အ​မျိုး​သား​ချင်း​နှင့် အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့်​အ​ခါ ထိုက် တန်​သော​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

ထို​စ​ကား​ကြောင့်​အာ​သ​သည်​ပ​ရော​ဖက် အား​အ​မျက်​ထွက်​၍ သံ​ကြိုး​များ​နှင့်​ချည် နှောင်​ထား​စေ​၏။ ဤ​အ​ချိန်​၌​အာ​သ​သည် ပြည်​သူ​အ​ချို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​စ​ပြု လေ​သည်။

ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​များ​နှင့် မိ​ဘ​မဲ့​သူ​များ​အား နောက်​တစ်​ဖန်​မ​ခြောက်​မ​လှန့်​နိုင်​စိမ့်​သော​ငှာ ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​၏​ဟစ်​အော်​သံ​ကို ကြား​တော်​မူ​၍ သူ​တို့​၏​အ​ကျိုး​ကို​ထောက်​လျက်​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။

ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။

ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။

ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။

ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။

ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။

အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။

ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။

သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ခံ​ရ​သူ​တို့​ကို​ကူ​မ​၍​မိ​ဘ​မဲ့​သူ​များ​နှင့်​မု​ဆိုး​မ​တို့​၏ အ​ခွင့်​အ​ရေး​များ​ကို​ကာ​ကွယ်​စောင့်​ရှောက်​ခြင်း​အား​ဖြင့် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ရှိ​အောင်​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။

သင်​တို့​သည်​အ​မှန်​တ​ရား​ကို​ပြော​ဆို​ပြု​ကျင့် ကြ​ပါ​မူ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ပါ​၏။ ဆင်း​ရဲ​သူ​တို့​အား​လိမ်​လည်​လှည့်​ဖြား​ရန်​သင် တို့​၏​တန်​ခိုး​အာ​ဏာ​အ​သုံး​မ​ပြု​ကြ​နှင့်။ တံ​စိုး လက်​ဆောင်​များ​ကို​လည်း​လက်​မ​ခံ​ကြ​နှင့်။ လူ့ အ​သက်​ကို​သတ်​ရန်၊ အ​ခြား​ဆိုး​ညစ်​မှု​များ ကို​ပြု​ရန်​ကြံ​စည်​ကြ​သူ​များ​နှင့်​ပူး​ပေါင်း ဆောင်​ရွက်​မှု​မ​ပြု​ကြ​နှင့်။-

ဣ​သ​ရေ​လ​ပြည်​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​၏။ ယု​ဒ​ပြည်​သူ​တို့​မှာ​ကိုယ်​တော်​စိုက်​ပျိုး​သည့် စ​ပျစ်​ပင်​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​သု​စ​ရိုက်​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​က​လူ​သတ်​မှု​ကို ကူး​လွန်​ကြ​လေ​သည်။ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​၏​အ​နှိပ်​အ​စက်​ခံ​ရ​ကြ သူ​တို့​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​ရန်​အော်​ဟစ်​လျက် နေ​ကြ​လေ​သည်။

``ငါ​နှစ်​သက်​မြတ်​နိုး​သည့်​အ​စာ​ရှောင်​ခြင်း မှာ​နှိပ်​စက်​ညှင်း​ဆဲ​မှု​တည်း​ဟူ​သော​နှောင် ကြိုး​ကို​ဖြတ်​၍ မ​တ​ရား​စိုး​မိုး​မှု​ကို​ဖယ်​ရှား ကာ​အ​နှိပ်​စက်​ခံ​ရ​သူ​တို့​အား​ကယ်​နုတ်​ခြင်း၊-

``သို့​ရာ​တွင်​သင်​မူ​ကား​တစ်​ကိုယ်​ကောင်း​စိတ်​နှင့် မိ​မိ​အ​ကျိုး​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား​၏။ အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​၍​မိ​မိ​၏ အ​မျိုး​သား တို့​အား​ပြင်း​ပြင်း​ထန်​ထန်​နှိပ်​စက်​ညှင်း​ပန်း​၏။''

သင့်​အ​ထဲ​တွင်​အ​ဘယ်​သူ​မျှ​မိ​ဘ​ကို​ရို သေ​မြတ်​နိုး​မှု​မ​ပြု​ကြ။ သင့်​အ​ထဲ​တွင်​သင် သည်​လူ​မျိုး​ခြား​တို့​အား လိမ်​လည်​လှည့်​စား ၍​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​အား ညှဉ်း​ဆဲ​နှိပ်​စက်​၏။-

``မိ​မိ​ထက်​အား​နည်း​သူ​ကို​အ​နိုင်​မ​ကျင့်​ရ။ သူ့​ဥစ္စာ​ကို​လည်း​မ​လု​ယူ​ရ။ သူ​ငှား​အ​တွက် ပေး​စ​ရာ​အ​ခ​ကြေး​ငွေ​ကို​နေ့​ချင်း​ပေး​ရ မည်။ နောက်​တစ်​နေ့​တိုင်​အောင်​မ​ဆိုင်း​ထား ရ။-

နောက်​တစ်​ကြိမ်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​မ​ကျ​ရောက်​မီ မြေ​မှ​အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​ကို​တွက်​ချက်​၍ မြေ​၏​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။-

သင်​တို့​သည်​အ​မျိုး​သား​ချင်း​ကို​မ​လှည့်​စား ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။

သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။-

စစ်​သား​များ​က​လည်း ``အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ယော​ဟန်​က ``သင်​တို့​သည်​အ​ဘယ်​သူ​ကို​မျှ မ​တ​ရား​မ​စွပ်​မ​စွဲ​ကြ​နှင့်။ အ​ဘယ်​သူ့​ထံ​မှ ငွေ​ကို​အ​ဋ္ဌမ္မ​မ​တောင်း​ကြ​နှင့်။ သင်​တို့​ရ​သော လ​စာ​ဖြင့်​ရောင့်​ရဲ​ကြ​လော့'' ဟု​ပြန်​ပြော​၏။

သင်​တို့​သည်​ဤ​သို့​ခံ​မည့်​အ​စား​ညီ​အစ်​ကို ရင်း​အ​ချင်း​ချင်း​ကို​ပင်​လျှင် မ​တော်​မ​တ​ရား ပြု​ကြ​၏။ လု​ယက်​ကြ​၏။-

ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ