ဝတ်ပြု 25:13Common Language Bibleအရောင်းအဝယ်ပြုလုပ်ခဲ့သောပစ္စည်းရှိသမျှ ကို ဤနှစ်၌မူလပိုင်ရှင်လက်သို့ပြန်လည်ပေး အပ်ရမည်။- အခန်းကိုကြည့်ပါ။ |
ကုန်သွယ်သူသည်မိမိရောင်းလိုက်သည့်မြေယာ ကိုပြန်လည်ရရှိရန် အသက်ရှည်နိုင်လိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူတိုင်းနှင့် ဆိုင်သောဘုရားသခင်၏ဗျာဒိတ်တော်ကို ပြန်လည်ပြင်ဆင်မည်မဟုတ်သောကြောင့်တည်း။ သူတို့အပြစ်ကြောင့်ဆိုးညစ်သူတို့သည် မသေဘဲကျန်ရစ်နိုင်ကြမည်မဟုတ်။-
ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
ရောင်းချသောပစ္စည်းအားလုံးကိုမူလပိုင်ရှင် များ၏လက်သို့ပြန်အပ်ရသောပြန်လည်ပေး အပ်ခြင်းဆိုင်ရာယုဘိလနှစ်သို့ရောက်သော အခါ ဇလောဖဒ်သမီးတို့၏မြေသည်သူတို့ စုံဖက်သောအနွယ်ဝင်တို့လက်သို့အမြဲတမ်း ရောက်ရှိမည်ဖြစ်၍ အကျွန်ုပ်တို့၏အနွယ် အတွက်ဆုံးရှုံးနစ်နာပါသည်'' ဟုလျှောက် ထားကြသည်။