သင်တို့သည်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်သို့ရောက်ရှိ၍ စပါးရိတ် သောအခါအဦးရိတ်သောကောက်လှိုင်းစည်း ကိုယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။-
``သင်တို့လယ်များမှကောက်ရိတ်သိမ်းချိန်သို့ ရောက်လျှင် သင်တို့စိုက်ပျိုးခဲ့သောသီးနှံများ နှင့်ကောက်သိမ်းပွဲတော်ကိုကျင်းပရမည်။ ``နှစ်အကုန်တွင်သင်တို့၏သစ်သီးခြံများမှ သစ်သီးများကိုစုသိမ်းချိန်၌ သစ်သီးသိမ်းပွဲ တော်ကိုကျင်းပရမည်။-
ခုနစ်ရက်ပတ်လုံးထာဝရဘုရားအား ပူဇော် သကာကိုဆက်သရမည်။ သို့ရာတွင်သတ္တမ နေ့၌စုဝေးဝတ်ပြုကိုးကွယ်၍အသက်မွေး ဝမ်းကျောင်းအလုပ်ကိုမလုပ်ရ။