ခုနစ်ရက်ပတ်လုံးထာဝရဘုရားအား ပူဇော် သကာကိုဆက်သရမည်။ သို့ရာတွင်သတ္တမ နေ့၌စုဝေးဝတ်ပြုကိုးကွယ်၍အသက်မွေး ဝမ်းကျောင်းအလုပ်ကိုမလုပ်ရ။
ပထမနေ့နှင့်သတ္တမနေ့၌ဝတ်ပြုအစည်း အဝေးကိုကျင်းပရမည်။ ထိုနေ့ရက်များ တွင်စားစရာပြင်ဆင်ခြင်းအလုပ်မှတစ် ပါးအခြားအလုပ်မလုပ်ရ။-
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားပြီး လျှင် သတ္တမနေ့၌ထာဝရဘုရားပွဲတော် ကိုကျင်းပရမည်။-
သူသည်ခုနစ်ရက်ပတ်လုံးနေ့စဉ်နေ့တိုင်း ထာဝရဘုရားအားအပြစ်အနာဆာကင်း သည့်နွားထီးခုနစ်ကောင်နှင့်သိုးထီးခုနစ် ကောင်ကိုမီးရှို့ရာယဇ်အဖြစ်ဖြင့်လည်းကောင်း၊ ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-
ပွဲတော်ပထမရက်၌သင်တို့သည်စုဝေး ဝတ်ပြုကိုးကွယ်ရမည်။ အသက်မွေးဝမ်း ကျောင်းအလုပ်ကိုမလုပ်ရ။-
သင်တို့သည်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်သို့ရောက်ရှိ၍ စပါးရိတ် သောအခါအဦးရိတ်သောကောက်လှိုင်းစည်း ကိုယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။-
ပွဲတော်ပထမနေ့တွင်သင်တို့စုဝေးဝတ်ပြု ရမည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
သတ္တမနေ့တွင်စုဝေးဝတ်ပြုရမည်။ ထိုနေ့ တွင်အလုပ်မလုပ်ရ။
သင်တို့သည်ကောက်သိမ်းပွဲတော်ပထမနေ့၌ ထာဝရဘုရားအားကောက်သစ်ပူဇော်သည့် အခါစုဝေးဝတ်ပြုရကြမည်။ ထိုနေ့၌ အလုပ်မလုပ်ရ။-
သင်တို့သည်ခြောက်ရက်ပတ်လုံးတဆေးမပါ သောမုန့်ကိုစား၍သတ္တမနေ့တွင်စုဝေးလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။