Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 2:12

Common Language Bible

သင်​တို့​နှစ်​စဉ်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သည့် ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်။ သို့​ရာ​တွင်​ယင်း​ကို​ပလ္လင် ပေါ်​တွင်​မီး​မ​ရှို့​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​အား​ဖြင့်​မံ​ရေ​မြို့​အ​ရှေ့၊ မပ္ပေလ​အ​ရပ်​တွင်​ရှိ​သော​ဧ​ဖ​ရုန်​ပိုင်​မြေ​ကွက်​သည်​အာ​ဗြ​ဟံ​ပိုင်​မြေ​ဖြစ်​လာ​သည်။ သူ​ပိုင်​သော​မြေ​ကွက်​တွင်​ဂူ​နှင့် မြေ​ကွက်​ပေါ်​တွင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ၊ မြေ​ကွက်​အ​စွန်း​တိုင်​အောင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ​ပါ​ဝင်​လေ​သည်။-

အ​မိန့်​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဣသ​ရေ​လ ပြည်​သူ​တို့​သည်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​အ​ခြား​လယ်​ယာ​ထွက်​သီး​နှံ လက်​ဦး​လက်​ဖျား​များ ကို​လည်း​ကောင်း၊ ရှိ​သ​မျှ​သော​ဥစ္စာ​များ​၏ ဆယ်​ပုံ​တစ်​ပုံ​ကို​လည်း​ကောင်း​ယူ​ဆောင်​လာ ကြ​လေ​သည်။-

``သင်​တို့​၏​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော​အ​သီး အ​နှံ၊ အ​ဦး​ဆုံး​ညှစ်​သော​စ​ပျစ်​ရည်​ကို​ငါ့ အား​ဆက်​ကပ်​ရ​မည်။ ``သင်​တို့​၏​သား​ဦး​များ​ကို​ငါ့​အား​ဆက်​ကပ် ရ​မည်။-

``နှစ်​စဉ်​သင်​တို့​၏​လယ်​များ​မှ အ​စ​ဦး​ဆုံး​ရိတ် သိမ်း​ရ​သော​သီး​နှံ​များ​ကို သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​ယူ​ဆောင်​လှူ​ဒါန်း ရ​မည်။ ``သိုး​ငယ်​သို့​မ​ဟုတ်​ဆိတ်​ငယ်​ကို အ​မိ​နို့​ရည်​နှင့်​မ​ချက်​မ​ပြုတ်​ရ။

``ဂျုံ​စ​ပါး​စ​တင်​ရိတ်​ချိန်​၌​ကောက်​သိမ်း​ပွဲ​တော် ကို​လည်း​ကောင်း၊ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​ဖြစ် သော​ဆောင်း​ဦး​ပေါက်​ရာ​သီ​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​လည်း​ကောင်း၊ ကျင်း​ပ​ရ​မည်။

မိ​သား​စု​တိုင်း​က​မုန့်​နှစ်​လုံး​ကို​ယူ​ခဲ့​၍ ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ယင်း​သို့​ဆက်​သ​ရာ​၌ မုန့်​တစ်​လုံး​စီ​ကို တ​ဆေး​ရော​သော​မုန့်​ညက် လေး​ပေါင်​ဖြင့်​ဖုတ်​ပြီး​လျှင် အ​ဦး​ဆုံး​ရ သော​ကောက်​နှံ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ရ​မည်။-

ထို​မုန့်​များ​အ​ပြင် တ​ဆေး​ထည့်​၍​ဖုတ် သော​မုန့်​များ​ကို​လည်း​ဆက်​ကပ်​ရ​မည်။-

ကောက်​သစ်​မှ​ရ​သော​မုန့်​ညက်​ဖြင့်​လုပ်​သည့် အ​ဦး​ဆုံး​မုန့်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​ရ​မည်။ ကောက်​နယ်​တ​လင်း​မှ​ရ​သော​စ​ပါး​ကို အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​သည့်​နည်း တူ​ဤ​မုန့်​ကို​ဆက်​သ​ရ​မည်။-

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား​နှစ် စဉ်​ဆက်​သ​သော​အ​ဦး​သီး​သော​အ​သီး​အ​နှံ များ​မှ​အ​ကောင်း​ဆုံး​သံ​လွင်​ဆီ၊ အ​ကောင်း​ဆုံး စ​ပျစ်​ရည်​နှင့်​အ​ကောင်း​ဆုံး​စ​ပါး​တို့​ကို သင့်​အား​ငါ​ပေး​၏။-

သို့​ရာ​တွင်​အ​မှန်​ဖြစ်​ရပ်​မှာ​ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ယင်း သို့​ထ​မြောက်​တော်​မူ​ခြင်း​ကြောင့်​သေ​လွန်​သူ တို့​သည် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဖြစ် ကြောင်း​အာ​မ​ခံ​ချက်​ရ​ရှိ​ကြ​သည်။-

ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​သ​နား တော်​မူ​သော လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ များ​ကို ယ​ခု​ယူ​ဆောင်​ဆက်​ကပ်​ပါ​သည်' ဟူ​၍​ရွတ်​ဆို​ရ​မည်။ ထို့​နောက်​တောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ချ​ထား​၍​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။-

ထို​သူ​တို့​သည်​ကာ​မ​ဂုဏ်​ခံ​စား​မှု​နှင့်​ကင်း လွတ်​သူ​လူ​ပျို​စင်​များ​ဖြစ်​၍ သိုး​သူ​ငယ် တော်​သွား​လေ​ရာ​အ​ရပ်​သို့​လိုက်​ကြ​၏။ သူ တို့​သည်​လူ​သား​တို့​အ​နက်​က​ရွေး​နုတ် ကယ်​တင်​ခြင်း​ခံ​ရ​သ​ဖြင့် ဘု​ရား​သခင်​နှင့် သိုး​သူ​ငယ်​တော်​အား အ​ဦး​ဆုံး​ဆက်​သ ခြင်း​ခံ​ရ​သူ​များ​ဖြစ်​ကြ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ