Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 2:11

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​သ​သော ဘော​ဇဉ်​သ​ကာ​ရှိ​သ​မျှ​တို့​တွင် တ​ဆေး မ​ပါ​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သည့်​ဘော​ဇဉ်​သ​ကာ​တွင် ဘယ်​သော​အ​ခါ မျှ​တ​ဆေး​သို့​မ​ဟုတ်​ပျား​ရည်​မ​ပါ စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

``ငါ့​အား​ယဇ်​ကောင်​ပူ​ဇော်​သော​အ​ခါ တ​ဆေး ပါ​သော​မုန့်​နှင့်​မ​ပူ​ဇော်​ရ။ ဤ​ပွဲ​တော်​များ​တွင် ငါ့​အား​ပူ​ဇော်​သော​ယဇ်​ကောင်​၏​အ​ဆီ​ကို နောက် တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း​ကျန်​စေ​ရ။

ထို​နောက်​သူ​တို့​၏​လက်​ထဲ​မှ​ပူ​ဇော်​သ​ကာ တို့​ကို​ယူ​၍ ပလ္လင်​ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​အ​ပေါ် တွင်​တင်​လျက်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ​သည်​ထို ယဇ်​မှ​ရ​နံ့​ကို​နှစ်​သက်​တော်​မူ​၏။

``ငါ့​အား​ပူ​ဇော်​သည့်​အ​ခါ၊ ယဇ်​ကောင်​နှင့် အ​တူ ဆက်​သ​သော​မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ ပ​သ​ခါ​ပွဲ​တော်​အ​တွက်​သတ်​သော​တိ​ရစ္ဆာန် ၏​အ​သား​ကို​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း ကျန်​စေ​ရ။

ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။

သူ​သည်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို ရေ​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​တစ်​ကောင် လုံး​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။

ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပိတ်​ချော အ​ပေါ်​ရုံ​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​တို့​ကို ဝတ်​ဆင်​၍​ယဇ်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​မှ ကျွမ်း​လောင်​သော​ပြာ​ကို​ပလ္လင်​ဘေး​တွင် ထား​ရ​မည်။-

သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ တို့​၏​တ​ဆေး​ကို​သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ တ​ဆေး​နှင့်​ဟေ​ရုဒ်​၏​တ​ဆေး​ကို​သ​တိ​နှင့် ရှောင်​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မိန့် တော်​မူ​၏။

ထို​အ​ခါ​၌​ထောင်​ပေါင်း​များ​စွာ​သော​လူ​တို့ သည်​စု​ဝေး​လာ​ကြ​သ​ဖြင့်​အ​ချင်း​ချင်း​ပင် နင်း​မိ​ကြ​၏။ ကိုယ်​တော်​သည်​ဦး​စွာ​တ​ပည့် တော်​တို့​အား ``ဖာ​ရိ​ရှဲ​တို့​၏​ဟန်​ဆောင်​မှု တည်း​ဟူ​သော​တ​ဆေး​ကို​သ​တိ​ပြု​ကြ​လော့။-

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။-

``မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ကြွ​စေ​ရန် တ​ဆေး​အ​နည်း​ငယ်​သာ​လို​သည်'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သ​တိ​ပြု​ကြ​လော့။-

သို့​ဖြစ်​၍​ဤ​လော​က​တွင်​သင်​တို့​အ​သက် ရှင်​ရန်​ကြွင်း​ကျန်​သေး​သည့်​အ​ချိန်​ကာ​လ​၌ လူ​တို့​တပ်​မက်​ခြင်း​စိတ်​ဆွဲ​ဆောင်​ရာ​သို့ မ​လိုက်​ဘဲ​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍​အ​သက်​ရှင်​ရ​ကြ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ