Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 19:27

Common Language Bible

သေ​သူ​အ​တွက်​ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် ဦး ခေါင်း​ဘေး​ပတ်​လည်​ရှိ​ဆံ​ပင်​ကို​မ​ညှပ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှိ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏ စေ​တ​မန်​တို့​ကို​ဖမ်း ဆီး​ကာ​မုတ်​ဆိတ်​များ​ကို​ရိတ်​၍ အ​ဝတ်​များ ကို​တင်​ပါး​အ​ထိ​ဖြတ်​ပြီး​လျှင်​သူ​တို့ အား​ပြန်​၍​လွှတ်​လိုက်​၏။-

ဒိ​ဘုန်​မြို့​သား​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​သို့ သွား​ရောက်​ငို​ကြွေး​ရန်​တောင်​ပေါ်​သို့ တက်​ကြ​၏။ မော​ဘ​ပြည်​သူ​တို့​သည်​လည်း နေ​ဗော​မြို့​နှင့်​မေ​ဒ​ဘ​မြို့​အ​တွက်​ဝမ်း​နည်း သ​ဖြင့်​အော်​ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သူ​တို့ သည်​ဝမ်း​နည်း​ခြင်း​အ​ထိမ်း​အ​မှတ်​ဖြင့် ဆံ​ပင်​နှင့် မုတ်​ဆိတ်​များ​ကို​ရိတ်​ပစ်​ကြ​လေ သည်။-

ဆင်း​ရဲ​ချမ်း​သာ​မရွေး​ပြည်​သူ​တို့​သည်​သေ ကြ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​သူ တို့​အား​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့ အ​တွက်​လည်း​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်​မ​ဟုတ်။ ဝမ်း​နည်း​မှု​ကို​ပြ​သည့်​အ​နေ နှင့်​မည်​သူ​မျှ​မိ​မိ​ကိုယ်​ကို​အ​နာ​တ​ရ ဖြစ်​စေ​ခြင်း၊ ခေါင်း​ရိတ်​ခြင်း​ပြု​ကြ​မည် မ​ဟုတ်။-

ရှေ​ခင်၊ ရှိ​လော​နှင့်​ရှ​မာ​ရိ​မြို့​တို့​မှ​လူ​ရှစ် ဆယ်​တို့​ရောက်​ရှိ​လာ​ကြ​၏။ သူ​တို့​သည်​မုတ် ဆိတ်​များ​ကို​ရိတ်​ပြီး​လျှင် မိ​မိ​တို့​၏​အ​ဝတ် များ​ကို​ဆွဲ​ဆုတ်​ကာ​ကိုယ်​ခန္ဓာ​ကို​လည်း​ထိ​ရှ ၍​ထား​ကြ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​တွင် ပူ​ဇော်​ရန်​ပူ​ဇော်​သကာ​နှင့်​နံ့​သာ​ပေါင်း ကို​ဆောင်​ယူ​လာ​ကြ​လေ​သည်။-

လူ​တိုင်း​ပင်​ဆံမုတ်​ဆိတ်​ပယ်​ကြ​လေ​ပြီ။ သူ တို့​သည်​မိ​မိ​တို့​၏​လက်​များ​ကို​ထိ​ရှ​၍ လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``အီ​ဂျစ်​ပြည်​သား​များ၊ ယု​ဒ ပြည်​သား​များ၊ ဧ​ဒုံ​ပြည်​သား​များ၊ အမ္မုန်​ပြည် သား​များ၊ မော​ဘ​ပြည်​သား​များ​နှင့်​သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​ကာ ဆံ​ပင်​တို​ထား​သော​လူ​မျိုး အား​ငါ​အ​ပြစ်​ဒဏ်​ခတ်​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​တော့​မည်။ ထို​သူ​အ​ပေါင်း​တို့ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​သင်္ကေ​တ​ဖြစ် သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော်​လည်း ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ထို သူ​အ​ပေါင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ'' ဟု​မိန့်​တော်​မူ​၏။

``သူ​တို့​သည်​မိ​မိ​တို့​၏​ဦး​ခေါင်း​ကို​မ​ရိတ်​ရ ကြ။ ဆံ​ပင်​ရှည်​အောင်​လည်း​မ​ထား​ရ​ကြ။ သင့် တော်​လျောက်​ပတ်​သ​လောက်​သာ​အ​ရှည်​ထား ရ​မည်။-

သူ​တို့​သည်​လျှော်​တေ​အဝတ်​ကို​ဝတ်​၍ တစ် ကိုယ်​လုံး​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ဦး ဆံ​ပယ်​၍​ရှက်​ကြောက်​နေ​သော​မျက်​နှာ​များ တွေ့​ရ​ကြ​လိမ့်​မည်။-

ကိုယ်​ပေါ်​တွင်​ဆေး​မင်​လည်း​မထိုး​ရ။ ကိုယ်​ကို လည်း​မ​လှီး​မ​ရှ​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

ယဇ်​ပု​ရော​ဟိတ်​သည်​သေ​ဆုံး​သူ​အ​တွက် ဝမ်း နည်း​သည့်​အ​နေ​ဖြင့်​ဆံ​ပင်​ကို​ကွက်​ကျား မ​ရိတ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှပ်​ရ။ မိ​မိ​ကိုယ်​ကို​လည်း​မ​လှီး​မ​ရှ​ရ။-

``သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သေ​ဆုံး သူ​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​ကို​ကွဲ​ရှ​ပွန်း​ပဲ့​စေ​ခြင်း၊ ဆံ​ဦး စွန်း​ကို​ရိတ်​ခြင်း​မ​ပြု​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ