ဝတ်ပြု 19:26Common Language Bible``သွေးပါရှိနေသေးသောအသားကိုမစားရ။ ဗေဒင်မှော်အတတ်အမျိုးမျိုးတို့ကိုမကျင့် သုံးရ။- အခန်းကိုကြည့်ပါ။ |
မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။