Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 16:28

Common Language Bible

ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရ​သူ​သည် မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ပြီး မှ စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အောက်​ဖော်​ပြ​ပါ​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင် များ​ကို​ထိ​ကိုင်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ခွာ​ကွဲ​၍​စား​မြုံ့ ပြန်​သော​တိရစ္ဆာန်​များ​မှ​တစ်​ပါး​အ​ခြား​ခွာ ရှိ​တိ​ရစ္ဆာန်​အား​လုံး​နှင့် အုပ်​ဖမ်း​တတ်​သော​လက် ရှိ​သည့်​ခြေ​လေး​ချောင်း​သတ္တ​ဝါ​အား​လုံး​တို့ ဖြစ်​သည်။ ထို​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင်​များ ကို​သယ်​ဆောင်​သွား​သူ​သည် မိ​မိ​၏​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​လည်း​သူ သည်​ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့် မည်။

ထို​အ​သေ​ကောင်​၏​အ​သား​ကို​စား​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ထို အ​သေ​ကောင်​ကို​သယ်​ဆောင်​မိ​သူ​သည် မိ​မိ အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထို​သူ အိပ်​သော​အိပ်​ရာ​ကို​ထိ​မိ​လျှင်၊-

တော​ကန္တာ​ရ​ထဲ​သို့​အ​ဇာ​ဇယ်​ကို​မောင်း​နှင် သွား​ရ​သူ​သည် မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍​ရေ​ချိုး​ပြီး​မှ စ​ခန်း​အ​တွင်း​သို့ ပြန်​ဝင်​ရ​မည်။-

နွား​မ​၏​ပြာ​ကို​စု​သိမ်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​လည်း​ည နေ​ခင်း​သို့​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​သူ​တို့ နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​သည် ဤ​ပ​ညတ်​ကို​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ရ​မည်။

ထို့​နောက်​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍ ရေ​ချိုး​ပြီး​လျှင်​စ​ခန်း​တွင်း​သို့​ဝင် နိုင်​သည်။ သို့​ရာ​တွင်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သူ​သည်​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

နွား​မ​ကို​မီး​ရှို့​သော​သူ​သည်​လည်း မိ​မိ အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည်​လည်း​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

သန့်​စင်​ရေး​ဆိုင်​ရာ​ရေ​ကို​သူ​တို့​၏​ကိုယ်​ပေါ် တွင်​ဖျန်း​၍ တစ်​ကိုယ်​လုံး​ရှိ​အ​မွေး​များ​ကို ရိတ်​စေ​ပြီး​လျှင်​အ​ဝတ်​များ​ကို​လျှော်​ဖွပ် စေ​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-

သ​ခင်​ယေ​ရှု​က ``ရေ​ချိုး​ပြီး​သူ​သည်​တစ်​ကိုယ် လုံး​စင်​ကြယ်​ပြီး​ဖြစ်​၍​ခြေ​ကို​သာ​ဆေး​ရန် လို​၏။ သင်​တို့​သည်​စင်​ကြယ်​ပြီး​ဖြစ်​၏။ သို့​ရာ တွင်​လူ​တိုင်း​စင်​ကြယ်​သည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ