Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 16:27

Common Language Bible

အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​များ​ဖြစ်​သည့်​နွား နှင့်​ဆိတ်​သွေး​ကို အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ထဲ​သို့​ယူ​ဆောင်​ပြီး​နောက် ယဇ်​ကောင် များ​၏​အ​သား၊ သား​ရေ၊ ဝမ်း​တွင်း​သား​ရှိ သ​မျှ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​၍ မီး​ရှို့​ပစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​တွက် ပူ​ဇော်​သော​နွား​ကို​တပ်​စ​ခန်း​အ​ပြင်​တွင် မီး​ရှို့​သည့်​နည်း​တူ ဤ​နွား​ကို​လည်း​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​ရ​မည်။ ထို​ယဇ်​ပူ​ဇော်​နည်း သည်​တစ်​မျိုး​လုံး​၏​အပြစ်​ပြေ​စေ​ရန်​အ​တွက် ဖြစ်​သ​တည်း။

ထို​နောက်​သူ​သည်​အ​ဝတ်​လဲ​၍ စ​ခန်း​အ​ပြင် ရှိ​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​ရာ အ​ရပ်​သို့​ပြာ​ကို​ယူ​ဆောင်​သွား​ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​ပူ​ဇော်​သော​ဘော​ဇဉ်​သ​ကာ ကို​မည်​သူ​မျှ​မ​စား​ရ။ မုန့်​အား​လုံး​ကို​မီး ရှို့​ရ​မည်။

သို့​ရာ​တွင်​ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့ ယူ​ဆောင်​၍ အ​ပြစ်​ဖြေ​ရာ​ဝတ်​တွင်​အ​သုံး​ပြု လျှင်​ထို​ယဇ်​ကောင်​၏​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။

သူ​သည်​နွား​သား​ရေ​အ​သား​နှင့်​အူ​များ အ​ပါ​အ​ဝင်​ကျန်​သော​အ​ပိုင်း​တို့​ကို ထာ ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း စ​ခန်း​အ​ပြင်​ဘက်​၌​မီး​ရှို့​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ