Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 16:11

Common Language Bible

အာ​ရုန်​သည်​မိ​မိ​၏​မိ​သား​စု​အ​တွက် အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နွား​ထီး​ကို ပူ​ဇော်​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် နွား ပျို​တစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး ထီး​တစ်​ကောင်​ကို​ယူ​ဆောင်​လာ​ပြီး​မှ အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ဝင်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော်​အ​ပါ​အ​ဝင် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်၊ ယဇ် ပလ္လင်၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​တွက် သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-

သူ​သည်​မိ​မိ​အ​ပြစ်​များ​နှင့် မိ​မိ​၏ မိ​သား​စု​အ​ပြစ်​များ​ဖြေ​ရန် နွား​ထီး ကို​ပူ​ဇော်​ရ​မည်။-

ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​၏​အ​ပြစ် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ပြေ​ရန်​အ​တွက် ယဇ်​ပလ္လင်​သို့​သွား​၍​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ကို လည်း​ကောင်း​ပူ​ဇော်​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။

ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည်​နေ့​စဉ်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ပိုင်​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း၊ ထို​နောက်​လူ​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ယဇ်​ပူ​ဇော်​ကြ​ရ​လေ​သည်။ ကိုယ်​တော်​မူ​ကား​ဤ​သို့ ပြု​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​အ​သက် ကို​တင်​လှူ​ပူ​ဇော်​စဉ်​အ​ခါ​က တစ်​ကြိမ်​တည်း အ​ပြီး​အ​ပိုင်​ယဇ်​ပူ​ဇော်​ခဲ့​ပြီး​ဖြစ်​သော ကြောင့်​တည်း။-

သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း သာ​လျှင် အ​တွင်း​တဲ​တော်​သို့​ဝင်​ရ​ပေ​သည်။ သူ သည်​ယင်း​သို့​ဝင်​ရ​သည်​မှာ​လည်း​တစ်​နှစ်​လျှင် တစ်​ကြိမ်​သာ​ဖြစ်​ပြီး​မိ​မိ​၏​အ​တွက်​သော် လည်း​ကောင်း၊ လူ​တို့​မ​သိ​ဘဲ​ကူး​လွန်​မိ​သည့် အ​ပြစ်​များ​အ​တွက်​သော်​လည်း​ကောင်း ပူ​ဇော် ရန်​သွေး​ကို​ယူ​ဆောင်​၍​ဝင်​ရ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ