Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 16:10

Common Language Bible

အ​ဇာ​ဇယ်​အ​တွက်​စာ​ရေး​တံ​ကျ​သော​ဆိတ် အ​ရှင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၍ လူ​တို့​၏​အ​ပြစ်​များ​ကို​ယူ​ဆောင်​သွား​စေ ရန် ထို​ဆိတ်​ကို​တော​ကန္တာ​ရ​သို့​စေ​လွှတ်​လိုက် ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​သူ​သည်​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား သွေး​ဖြင့်​ခု​နစ်​ကြိမ်​ပက် ဖျန်း​ပြီး​လျှင်​သန့်​စင်​သူ​ဖြစ်​ကြောင်း​ကြေ ညာ​ရ​မည်။ ငှက်​အ​ရှင်​ကို​ကွင်း​ပြင်​သို့​ပျံ စေ​ရ​မည်။-

ကျောက်​တုံး​နှစ်​တုံး​ကို​ယူ​လျက်၊ ကျောက်​တုံး တစ်​တုံး​ကို``ထာ​ဝရ​ဘု​ရား​အ​တွက်'' ဟူ​၍ လည်း​ကောင်း၊ အ​ခြား​ကျောက်​တုံး​ကို``အ​ဇာ ဇယ်​အ​တွက်'' ဟူ​၍​လည်း​ကောင်း​မှတ်​သား​ပြီး​နောက် ဆိတ် နှစ်​ကောင်​ကို​စာ​ရေး​တံ​ချ​ရ​မည်။-

အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် စား ရေး​တံ​ကျ​သော​ဆိတ်​ကို​အ​ပြစ်​ပြေ​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။-

ခရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လူ​တို့​သည်​အ​ပြစ်​များ​မှ​ပြေ​လွတ်​နိုင်​ကြ စေ​ရန် ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​ကို​ပူ​ဇော် သကာ​အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။ လူ​တို့​သည် ခရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​ဖြင့်​အ​ပြစ်​များ မှ​ပြေ​လွတ်​ခြင်း​ကို​ခံ​စား​ရ​ကြ​၏။ ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​သတ်​မှတ်​တော်​မူ​ရ​ခြင်း​မှာ ကိုယ် တော်​သည်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင်​ဖြစ် ကြောင်း​ကို​ပြ​သ​ရန်​ဖြစ်​၏။ ယ​ခု​ခေတ် ကာ​လ​အ​ထိ​ဘု​ရား​သ​ခင်​သည်​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပြီး​လျှင် လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော်​မ​မူ။ သို့​ရာ​တွင်​ယ​ခု​ခေတ်​ကာ​လ​၌​ကိုယ်​တော် သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ပြ​သ​ရန် လူ​တို့​၏​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကိုယ်​တိုင်​ပင်​ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့ ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ ကြောင်း​ကို​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​၏။

ထို​အ​ရှင်​သည်​ငါ​တို့​အ​ပြစ်​များ​ကြောင့်​အ​သေ ခံ​စေ​ရန်​အပ်​နှံ​ခြင်း​ကို​ခံ​တော်​မူ​၏။ ငါ​တို့​အား ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​အံ့​သော ငှာ​ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၏။

ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။

ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ပြစ်​များ​သာ​မ​က ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​၏​အြုပစ်​ပြေ ရာ​ပြေ​ကြောင်း​ပူ​ဇော်​ဆက်​ကပ်​တော်​မူ​သော အရှင်​ဖြစ်​တော်​မူ​၏။

ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သက်​တော် ကို​စွန့်​တော်​မူ​သော​ကြောင့်​မေတ္တာ​အ​ကြောင်း ကို​ငါ​တို့​သိ​ရ​ကြ​၏။ ငါ​တို့​သည်​လည်း​မိ​မိ တို့​၏​ညီ​အစ်​ကို​များ​အ​တွက်​အ​သက်​စွန့် သင့်​ကြ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ