အနာကွက်ပြန့်ပွားလာကြောင်းကိုတွေ့ရှိရ လျှင် ထိုသူ၌ရောဂါစွဲကပ်ပြီးဖြစ်၍သူ အားမသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
တစ်စုံတစ်ယောက်တွင်အရေပြား၌အနာစိမ်း ဖြစ်စေ၊ ဖူးယောင်နာဖြစ်စေ၊ အနာကွက်ဖြစ်စေ၊ ပေါ်လာသဖြင့် ဆိုးရွားသောကိုယ်ရေပြားရောဂါ စွဲမည့်လက္ခဏာရှိလာလျှင် ထိုသူကိုအာရုန်မှ ဆင်းသက်သောယဇ်ပုရောဟိတ်ထံသို့ခေါ် ဆောင်ခဲ့ရမည်။-
ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေး၍ အနာနေရာတွင်အမွေးများမဖြူ၊ အနာ တွင်းလည်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေလျှင်ထိုသူအားခုနစ်ရက်ပတ်လုံး သီးခြားနေထိုင်စေရမည်။-
သို့ရာတွင်အနာကွက်သည်မပြန့်ပွားဘဲ နဂိုမူလအတိုင်းရှိနေလျှင် အနာစိမ်း၏ အမာရွတ်မျှသာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်ကထိုသူအားဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။
သူသည်သတ္တမနေ့၌ ထိုအိမ်သို့တစ်ဖန်သွား ရောက်စစ်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ဖားဥများပြန့်ပွားလျက်ရှိကြောင်းတွေ့ရ လျှင်၊-