ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေး၍ အနာနေရာတွင်အမွေးများမဖြူ၊ အနာ တွင်းလည်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေလျှင်ထိုသူအားခုနစ်ရက်ပတ်လုံး သီးခြားနေထိုင်စေရမည်။-
ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီးနောက် အနာတွင်းနက်လျက် အနာပေါ်ရှိအမွေးများ ဖြူလာကြောင်းတွေ့ရှိရလျှင် ထိုသူအားမသန့် ရှင်းဟုဆုံးဖြတ်ရမည်။ ထိုအနာသည်အနာ စိမ်းနေရာမှဖြစ်ပေါ်လာသောဆိုးရွားသည့် ကိုယ်ရေပြားရောဂါဖြစ်သည်။-
အနာကွက်ပြန့်ပွားလာကြောင်းကိုတွေ့ရှိရ လျှင် ထိုသူ၌ရောဂါစွဲကပ်ပြီးဖြစ်၍သူ အားမသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
သို့ရာတွင်အနာကွက်ဖြူသော်လည်း အမွေး မဖြူ၊ အနာကွက်လည်းချိုင့်နေဟန်မရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအားခုနစ်ရက် ပတ်လုံးသီးခြားနေထိုင်စေရမည်။-
တရားစီရင်တော်မူရာနေ့၌ထိုသူ၏ ဝိညာဉ်သည်ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ခန္ဓာကိုဖျက်ဆီးပစ်ရန်စာတန်၏ လက်သို့ပေးအပ်ကြလော့။