ဝတ်ပြု 12:8Common Language Bibleမိခင်သည်သိုးကလေးကိုမပူဇော်နိုင်လျှင် ချိုး နှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကိုယူခဲ့ရမည်။ တစ်ကောင်သည်မီးရှို့ရာယဇ်အတွက်ဖြစ်၍ အ ခြားတစ်ကောင်သည်အပြစ်ဖြေရာယဇ်အတွက် ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်မိခင်အတွက် သန့်ရှင်းစေခြင်းဝတ်ကိုဆောင်ရွက်သဖြင့် မိခင် သည်ဘာသာရေးထုံးနည်းအရသန့်ရှင်းလာ လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုသူသည်ဆင်းရဲသဖြင့် အထက်ပါပူဇော် သကာများကိုသန့်စင်ခြင်းဝတ်အတွက် အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရန် မတတ်နိုင်လျှင် သိုးထီးကလေးတစ်ကောင် ကိုသာယူဆောင်ခဲ့ရမည်။ ထိုယဇ်သည်ယဇ် ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးလှူဘွယ်ဖြစ်သည်။ သူသည်ဘောဇဉ် ပူဇော်သကာအတွက် သံလွင်ဆီနှင့်ရော သောမုန့်ညက်နှစ်ပေါင်ကိုလည်းကောင်း၊ သံ လွင်ဆီအဝက်သားကိုလည်းကောင်းယူခဲ့ ရမည်။-
သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။-
ထိုသူသည်သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ ပူဇော်ရန်မတတ်နိုင်လျှင် သူ၏အပြစ်အတွက် ချိုးနှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကို ထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ငှက်တစ် ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ်ဖြင့်လည်း ကောင်း၊ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-