ဝတ်ပြု 12:7Common Language Bibleယဇ်ပုရောဟိတ်သည်ထိုယဇ်များကို ထာဝရ ဘုရားအားပူဇော်လျက် မိခင်အတွက်သန့်ရှင်း စေခြင်းဝတ်ကိုဆောင်ရွက်သဖြင့် မိခင်သည် ဘာသာရေးထုံးနည်းအရသန့်ရှင်းလာလိမ့် မည်။ ဤပညတ်ကားသားဖွားပြီးအမျိုး သမီးတို့လိုက်နာရမည့်ပညတ်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
မိခင်သည်သားကိုဖွားမြင်သည်ဖြစ်စေ၊ သမီးကို ဖွားမြင်သည်ဖြစ်စေသွေးမသန့်သည့်ကာလပြီး ဆုံးသောအခါ မီးရှို့ရာယဇ်ပူဇော်ရန်တစ်နှစ်သား သိုးကလေးကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ပူ ဇော်ရန် ချိုးသို့မဟုတ်ခိုတစ်ကောင်ကိုလည်းကောင်း ထာဝရဘုရားစံတော်မူရာတဲတော်တံခါးဝ သို့ယူဆောင်ခဲ့၍ယဇ်ပုရောဟိတ်ထံအပ်ရမည်။-
မိခင်သည်သိုးကလေးကိုမပူဇော်နိုင်လျှင် ချိုး နှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကိုယူခဲ့ရမည်။ တစ်ကောင်သည်မီးရှို့ရာယဇ်အတွက်ဖြစ်၍ အ ခြားတစ်ကောင်သည်အပြစ်ဖြေရာယဇ်အတွက် ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်မိခင်အတွက် သန့်ရှင်းစေခြင်းဝတ်ကိုဆောင်ရွက်သဖြင့် မိခင် သည်ဘာသာရေးထုံးနည်းအရသန့်ရှင်းလာ လိမ့်မည်။
ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
ယုံကြည်သူအမျိုးသားသည် မယုံကြည်သူ မယားနှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ မယုံကြည်သူအမျိုးသမီးသည် ယုံကြည်သူ လင်နှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံသူများဖြစ်လာပေသည်။ အကယ်၍ဤသို့မဖြစ်ပါမူသင်တို့၏သား သမီးများသည် ဘုရားမဲ့သူများဖြစ်ကြ ပေတော့အံ့။ ယခုမှာမူထိုသားသမီးတို့ သည်ဘုရားသခင်နှစ်သက်လက်ခံသူများ ဖြစ်ကြ၏။-