Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 11:45

Common Language Bible

ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သခင် ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည် လည်း​သန့်​ရှင်း​ကြ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြင်​ဆင်​သည့်​အ​နေ​ဖြင့် ယ​နေ့​နှင့်​နက်​ဖြန် နေ့​တွင်​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​ရန်​ပြော လော့။ သူ​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍၊-

သင်​တို့​သည်​ငါ့​အ​တွက်​သီး​သန့်​ထား​သော လူ​မျိုး၊ ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သော ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။-

သင်​တို့​၏​သိုး၊ နွား​တို့​မှ​သား​ဦး​ပေါက်​များ​ကို လည်း​ငါ့​အား​ဆက်​ကပ်​ရ​မည်။ သိုး​နွား​သား​ဦး ပေါက်​များ​သည်​သူ​တို့​၏​မိ​ခင်​နှင့်​အ​တူ​ခု​နစ် ရက်​နေ​စေ​၍ အ​ဋ္ဌ​မ​နေ့​တွင်​ထို​သိုး​နွား​များ ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။

ငါ​သည်​သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ် ရွေး​ကောက်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် မည်။ သင်​တို့​အား​ကျွန်​အ​ဖြစ်​စေ​ခိုင်း​သော အီ​ဂျစ်​အ​မျိုး​သား​တို့​၏​လက်​မှ ငါ​လွတ် မြောက်​စေ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က၊ ``ဣ​သ​ရေ​လ​ငယ်​စဉ်​က​ငါ​သည်​သူ့​ကို​ချစ်​၍၊ ငါ​သည်​သူ့​ကို​သား​အ​ဖြစ်​နှင့်​အီ​ဂျစ်​ပြည်​မှ ခေါ်​ဆောင်​ခဲ့​၏။

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​လည်း​သန့်​ရှင်း​ကြ​ရ​မည်။-

ဤ​ပ​ညတ်​သည်​ကား​တိ​ရစ္ဆာန်​များ​နှင့်​ငှက် များ၊ ရေ​သတ္တ​ဝါ​နှင့်​ကုန်း​သတ္တ​ဝါ​များ​နှင့် ဆိုင်​သော​ပညတ်​ဖြစ်​သ​တည်း။-

မှန်​ကန်​သော​အ​တိုင်း​အ​တာ​အ​ခြင်​အ​တွယ် တို့​ကို​သုံး​ရ​မည်။ ငါ​သည်​သင်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​တော်​မူ​၏။-

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။-

ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​ခြင်း​ငှာ​သင် တို့​အား​အီဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​၏။ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။

ဤ​ကား​သင်​တို့​အား​ခါ​နာန်​ပြည်​ကို​ပေး​ရန် နှင့် သင်​တို့​၏​ဘု​ရား​ဖြစ်​ရန် သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​လာ​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ဖြစ်​၏။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော်​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခြင်း​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​အား ငါ​၏​တန်​ခိုး​ကို​ဖော်​ပြ​စဉ်​အ​ခါ​က သူ​တို့ ၏​ဘိုး​ဘေး​များ​နှင့်​ပြု​ခဲ့​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​မည်'' ဟု မိန့်​တော် မူ​၏။

ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​ရန် ပန်း​ပွား​များ​က သင်​တို့​ကို​သ​တိ​ပေး သ​ဖြင့်​သင်​တို့​သည်​ငါ့​အ​တွက်​ဆက်​ကပ် ထား​သော​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။-

ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကာ​မ​ဂုဏ်​လိုက် စား​မှု​၌ မွေ့​လျော်​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ သန့်​ရှင်း​ဖြူ​စင်​စွာ​ပြု​မူ​ကျင့် ကြံ​နေ​ထိုင်​ကြ​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​ပေ​သည်။-

ထို​အ​ခါ​ယော​ရှု​က​လူ​တို့​အား``သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စွမ်း ရှိ​ကြ​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​သန့်​ရှင်း မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​၍​သင်​တို့​၏ အပြစ်​များ​ကို​လွှတ်​တော်​မူ​မည်​မ​ဟုတ်။ ကိုယ် တော်​သည်​ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ​တော် မ​မူ။-

``ငါ​သည်​မြင့်​မြတ်​သန့်​ရှင်း​သည်​ဖြစ်​၍​သင် တို့​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း​ရ​မည်'' ဟူ သော​ကျမ်း​စ​ကား​ကို​အောက်​မေ့​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ​မ​သန့်​ရှင်း​မ​မြင့်​မြတ်​ပါ။ ကိုယ်​တော်​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကျွန်​မ​တို့​ကိုး​ကွယ်​သော​ဘု​ရား​ကဲ့​သို့ ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သူ​မ​ရှိ။

သို့​ဖြစ်​၍​ဗက်​ရှေ​မက်​မြို့​သား​တို့​က``သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ အ​ဘယ်​သူ​သည် ရပ်​တည်​နိုင်​ပါ​မည်​နည်း။ ငါ​တို့​နှင့်​ဝေး​အောင် ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​သို့​ပင့်​ဆောင် သွား​ရ​ပါ​မည်​နည်း'' ဟု​ဆို​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ