ဝတ်ပြု 11:44Common Language Bibleငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည်လည်းသန့်ရှင်းကြရမည်။- အခန်းကိုကြည့်ပါ။ |
``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော်ငါသည် ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သော ဘုရားသခင်၊ သင်တို့ကိုကယ်တင်သောအရှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သောကြောင့်တည်း။ ငါသည်သင်တို့ကျွန်ဘဝမှလွတ်မြောက်ခွင့် ရရှိကြစေရန် အီဂျစ်ပြည်ကိုစွန့်လွှတ်မည်။ ဆူဒန်ပြည်နှင့် သေဘပြည်ကိုငါစွန့်လွှတ်မည်။
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-