ဝတ်ပြု 11:32Common Language Bibleသစ်သား၊ အဝတ်၊ သားရေ၊ လျှော်တေစသည် တို့ဖြင့်ပြုလုပ်သောမည်သည့်အသုံးအဆောင် များပေါ်သို့မဆို ထိုသတ္တဝါတို့၏အသေ ကောင်များကျခဲ့သော် ယင်းအသုံးအဆောင် သည်မသန့်ရှင်းဟုမှတ်ယူရမည်။ ယင်းကဲ့ သို့ညစ်ညမ်းသွားသောအသုံးအဆောင်ကို ရေထဲ၌နှစ်ရမည်။ သို့ရာတွင်ထိုအသုံး အဆောင်သည် ညဦးတိုင်အောင်မသန့်ရှင်း ဘဲရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြား သားဖြစ်စေ၊ ဋ္ဌမ္မတာအလျောက်သေသော တိရစ္ဆာန်၏အသား သို့မဟုတ်သားရဲကိုက် သတ်၍သေသောတိရစ္ဆာန်၏အသားကိုစား လျှင် မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်စောင့်ဆိုင်း ပြီးမှ ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။-
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-