ဝတ်ပြု 11:31Common Language Bibleထိုသတ္တဝါတို့ကိုဖြစ်စေ၊ ၎င်းတို့၏အသေ ကောင်များကိုဖြစ်စေကိုင်တွယ်မိသူသည် ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သစ်သား၊ အဝတ်၊ သားရေ၊ လျှော်တေစသည် တို့ဖြင့်ပြုလုပ်သောမည်သည့်အသုံးအဆောင် များပေါ်သို့မဆို ထိုသတ္တဝါတို့၏အသေ ကောင်များကျခဲ့သော် ယင်းအသုံးအဆောင် သည်မသန့်ရှင်းဟုမှတ်ယူရမည်။ ယင်းကဲ့ သို့ညစ်ညမ်းသွားသောအသုံးအဆောင်ကို ရေထဲ၌နှစ်ရမည်။ သို့ရာတွင်ထိုအသုံး အဆောင်သည် ညဦးတိုင်အောင်မသန့်ရှင်း ဘဲရှိလိမ့်မည်။-
ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြား သားဖြစ်စေ၊ ဋ္ဌမ္မတာအလျောက်သေသော တိရစ္ဆာန်၏အသား သို့မဟုတ်သားရဲကိုက် သတ်၍သေသောတိရစ္ဆာန်၏အသားကိုစား လျှင် မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်စောင့်ဆိုင်း ပြီးမှ ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။-