Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 9:8

Common Language Bible

အ​ချို့​က ``ဧ​လိ​ယ​ကြွ​လာ​လေ​ပြီ'' ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ ``ရှေး​ပ​ရော​ဖက်​တစ် ပါး​အ​သက်​ပြန်​၍​ရှင်​လာ​လေ​ပြီ'' ဟူ​၍​လည်း ကောင်း​ပြော​ဆို​နေ​ကြ​သည်​ကို​ဟေ​ရုဒ်​သည် ကြား​သ​ဖြင့်​စိတ်​ရှုပ်​ထွေး​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။

တ​ပည့်​တော်​တို့​က ``ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ ကြွ​လာ​မည်​ဟု​ကျမ်း​တတ်​ဆ​ရာ​တို့​အ​ဘယ် ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​ကိုယ်​တော်​အား​မေး လျှောက်​ကြ​၏။

အ​ချို့​သူ​များ​က ``ယေ​ရှု​သည်​ဧ​လိ​ယ​ဖြစ် ၏'' ဟု​ဆို​ကြ​၏။ အ​ချို့​သူ​များ​က​မူ ``ယေ​ရှု​သည်​ရှေး​ပ​ရော​ဖက် များ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​၏'' ဟု ပြော​ဆို​ကြ​၏။-

``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က မူ​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သည်​ဟူ​၍​ပြော​ဆို​ကြ ပါ​သည်'' ဟု​တ​ပည့်​တော်​တို့​လျှောက်​ထား​ကြ​၏။

တ​ပည့်​တော်​တို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု အ​ချို့​ဆို​ကြ​ပါ​သည်။ အ​ချို့​က​ဧ​လိ​ယ​ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ​ပြန်​လည်​အ​သက်​ရှင်​လာ သော​ရှေး​ပ​ရော​ဖက်​တစ်​ပါး​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။

ထို​သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ပေ​လော'' ဟု​တစ်​ဖန် မေး​ပြန်​ကြ​၏။ ယော​ဟန်​က ``ငါ​သည်​ဧ​လိ​ယ​မ​ဟုတ်'' ဟု​ဆို​၏။ သူ​တို့​က ``ပ​ရော​ဖက်​ပေ​လော'' ဟု​မေး​ကြ​လျှင်၊ ``ငါ​သည်​ပ​ရော​ဖက်​လည်း​မ​ဟုတ်'' ဟု​ဆို​ပြန်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ