လုကာ 9:7Common Language Bibleဂါလိလဲဘုရင်ခံမင်းကြီးဟေရုဒ်မင်းသည် ကိုယ် တော်ပြုတော်မူသောအမှုအရာများအကြောင်း ကိုကြား၏။ လူအချို့က ``ဗတ္တိဇံဆရာယောဟန် သေရာမှရှင်ပြန်လေပြီ'' ဟူ၍လည်းကောင်း၊- အခန်းကိုကြည့်ပါ။ |
ဤအချိန်သည်ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်း တွင်ကြောက်လန့်မှု၊ အရေးရှုံးနိမ့်မှုနှင့်ကစင့် ကလျားဖြစ်ပွားမှုများပေါ်ပေါက်ရာကာလ ပင်ဖြစ်၏။ အနန္တတန်ခိုးရှင်ထာဝရဘုရား ကလည်း ငါတို့အားထိုကာလနှင့်ကြုံတွေ့ စေတော်မူလေပြီ။ ငါတို့၏မြို့ရိုးများသည် အဖြိုခံရကြလေပြီ။ ကယ်မရန်လူတို့ အော်ဟစ်ကြသည့်အသံများသည်လည်း တောင်ကုန်းများတွင်ပဲ့တင်ထပ်လျက်နေ လေပြီ။
အတော်ဖြောင့်ဆုံးဟုဆိုရသောသူများ ပင်လျှင် ပေါင်းပင်ကဲ့သို့အသုံးမကျချေ။ ဘုရားသခင်သည်သူတို့၏ကင်းစောင့် သဖွယ်ဖြစ်သော ပရောဖက်များမှတစ်ဆင့် သတိပေးသည့်အတိုင်း လူများကိုဒဏ်ခတ် မည့်အချိန်ရောက်လာပြီ။ သူတို့သည်ယခု အခါကယောင်ချောက်ချားဖြစ်လျက်ရှိ ကြ၏။-