Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 8:39

Common Language Bible

သို့​ရာ​တွင်​ကိုယ်​တော်​က ``အိမ်​သို့​ပြန်​၍​ဘု​ရား သ​ခင်​သည် သင့်​အား​မည်​မျှ​ကျေး​ဇူး​ပြု​တော် မူ​ကြောင်း​ကို​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​ထံ​တော်​မှ​ထွက်​သွား​ပြီး​လျှင် မိ​မိ​အား​သ​ခင်​ယေ​ရှု​မည်​သို့​ကျေး​ဇူး​ပြု တော်​မူ​ကြောင်း​ကို​တစ်​မြို့​လုံး​အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ လာ​၍​နား​ထောင်​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​အ​တွက်​အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​ငါ​ပြော​မည်။

ထို​သူ​သည်​ထွက်​ခွာ​၍​သွား​၏။ သို့​ရာ​တွင်​မိ​မိ​၏ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။ ထို​သ​တင်း​သည်​လွန်​စွာ ပြန့်​သွား​ရ​ကား​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​မြို့​သို့​မျှ အ​ထင်​အ​ရှား​မ​ဝင်​နိုင်​တော့​ချေ။ ဆိတ်​ကွယ်​ရာ မြို့​ပြင်​ဒေ​သ​များ​မှာ​သာ​နေ​ရ​၏။ သို့​သော် အ​ရပ်​ရပ်​မှ​လူ​အ​ပေါင်း​တို့​သည်​အ​ထံ​တော် သို့​လာ​ရောက်​ကြ​ကုန်​၏။

ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​စဉ် နတ်​မိစ္ဆာ ပူး​ဝင်​ခဲ့​သူ​က​နောက်​တော်​သို့​လိုက်​ခွင့်​ပြု​ရန် လျှောက်​ထား​တောင်း​ပန်​၏။

ကိုယ်​တော်​ကား​ခွင့်​ပြု​တော်​မ​မူ။ ``သင်​၏​အိမ်​သို့ သွား​လော့။ ဘု​ရား​သ​ခင်​သည်​သင့်​အား​မည်​မျှ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​နှင့် မည်​သို့​သ​နား တော်​မူ​ကြောင်း​ကို​ဆွေ​မျိုး​သား​ချင်း​တို့​အား ပြော​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။

နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​မိ​မိ​အား ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​ရန်​ပန်​ကြား​၏။-

သ​ခင်​ယေ​ရှု​ပြန်​လည်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​စောင့်​မျှော်​နေ ကြ​သည့်​အ​လျောက်​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။-

``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ​သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။-

ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည် သင်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​အ​တွက် ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​သော​အ​မှု ကြီး​များ​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ကြ​ပြီ။-

မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ အိမ်​ထောင်​စု​သား​တို့​အား​မ​ပြု​စု​ဘဲ​နေ​သော သူ​သည် ယုံ​ကြည်​ခြင်း​တ​ရား​တော်​ကို​ပစ်​ပယ် သူ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက်​ပို​၍​ပင်​ဆိုး​ရွား ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ