လုကာ 8:38Common Language Bibleနတ်မိစ္ဆာများစွန့်ခွာသွားသူသည်မိမိအား ကိုယ်တော်နှင့်အတူလိုက်ခွင့်ပြုရန်ပန်ကြား၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
သို့ရာတွင်ကိုယ်တော်က ``အိမ်သို့ပြန်၍ဘုရား သခင်သည် သင့်အားမည်မျှကျေးဇူးပြုတော် မူကြောင်းကိုပြောကြားလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်အထံတော်မှထွက်သွားပြီးလျှင် မိမိအားသခင်ယေရှုမည်သို့ကျေးဇူးပြု တော်မူကြောင်းကိုတစ်မြို့လုံးအနှံ့အပြား ပြောကြားလေသည်။