Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 24:51

Common Language Bible

ဤ​သို့​ကောင်း​ချီး​ပေး​တော်​မူ​စဉ်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ထံ​မှ​ထွက်​ခွာ​လျက်​ကောင်း​ကင် ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​စ​ကား​ပြော​လျက်​ဆက်​လက်​လျှောက် သွား​ကြ​စဉ် ရုတ်​တ​ရက်​သူ​တို့​နှစ်​ယောက်​၏​စပ် ကြား​၌ မီး​မြင်း​များ​က​လျက်​မီး​လျှံ​ထ​နေ သော​ရ​ထား​တစ်​စီး​ပေါ်​လာ​ပြီး​လျှင် ဧ​လိ​ယ အား​လေ​ပွေ​ဖြင့်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ သွား​လေ​၏။-

ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-

ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​အား​ဗေ​သ​နိ​ရွာ သို့​ခေါ်​ဆောင်​သွား​တော်​မူ​ပြီး​လျှင်​လက်​တော်​ကို ချီ​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။-

တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​အား​ရှိ​ခိုး​ပြီး လျှင်​အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​သွား​၍။-

သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ကိုင်​ဆွဲ​၍​မ​ထား​နှင့်။ ငါ​သည်​ခ​မည်း​တော်​၏​ထံ​သို့​မ​တက်​ရ​သေး။ သို့​သော်​ငါ​၏​ညီ​များ​ထံ​သို့​သွား​၍​ငါ့​အ​ဖ တည်း​ဟူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထံ​တော် သို့​ငါ​တက်​သွား​ရ​မည့်​အ​ကြောင်း​ကို​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။

ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​တ​မန်​တော်​တို့ ကြည့်​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည်​ကောင်း​ကင် ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။ ထို​နောက် မိုး​တိမ်​သည်​ကိုယ်​တော်​ကို​ဖုံး​ကွယ်​လေ​၏။

သား​တော်​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ နှင့်​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​၏။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​၏​ဇာ​တိ​အ​ဖြစ်​တော်​တိ​ကျ မှန်​ကန်​သော​ပုံ​သဏ္ဌာန်​ဖြစ်​လျက် မိ​မိ​၏​တန်​ခိုး နှင့်​ပြည့်​စုံ​သော​အ​မိန့်​တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ ကို​တည်​နေ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​သား တို့​အား​အ​ပြစ်​များ​မှ​ပြေ​လွတ်​စေ​ရန်​ဆောင် ရွက်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​ဘုံ​တွင်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​၌​ထိုင်​တော်​မူ​၏။

သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​ဘာ​သာ​တ​ရား ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား​ကြ​ကုန်​အံ့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၌​ဘု​ရား​သ​ခင်​၏​သား တော်​သ​ခင်​ယေ​ရှု​တည်း​ဟူ​သော ကြီး​မြတ်​သည့် ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​တော်​မူ​သော​ကြောင့် ဖြစ်​၏။ ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​ရှေ့ တော်​မှောက်​သို့​ကြွ​ဝင်​တော်​မူ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ