Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 24:50

Common Language Bible

ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​အား​ဗေ​သ​နိ​ရွာ သို့​ခေါ်​ဆောင်​သွား​တော်​မူ​ပြီး​လျှင်​လက်​တော်​ကို ချီ​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။

ယော​သပ်​က``ဘု​ရား​သ​ခင်​က​အီ​ဂျစ် ပြည်​တွင် ကျွန်​တော်​အား​ပေး​သ​နား​တော် မူ​သော​သား​များ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​၏။ ထို​အ​ခါ​ယာ​ကုပ်​က``သူ​တို့​အား​ငါ ကောင်း​ချီး​ပေး​ရန်​ငါ့​အ​နီး​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​လေ​၏။-

ဤ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့် နှစ်​နွယ်​ဖြစ်​၏။ သူ​တို့​၏​အ​ဖ​က​သူ​တို့​တစ် ဦး​စီ​နှင့်​သက်​ဆိုင်​သော မင်္ဂလာ​စ​ကား​များ ကို​အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​မြွက်​ဆို​ခဲ့ လေ​သည်။

အာ​ရုန်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော်​သည့် အ​မှု​ကိစ္စ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​စီး သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​မြှောက် လျက်​လူ​တို့​အား​ကောင်း​ချီး​ပေး​ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​မှ​ဆင်း​လာ​လေ​သည်။-

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မြို့​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ​၍​ထို​ည​တည်း​ခို​တော်​မူ​၏။

ထို​နောက်​ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့ ကို​ချီ​ပွေ့​တော်​မူ​လျက် သူ​တို့​အ​ပေါ်​တွင်​လက် တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ အ​နီး​သို့​ချဉ်း​ကပ်​မိ​၍ ဗက်​ဖာ​ဂေ​နှင့်​ဗေ​သ​နိ ရွာ​များ​အ​နီး​ရှိ​သံ​လွင်​တောင်​သို့​ရောက်​ကြ​၏။-

ဤ​သို့​ကောင်း​ချီး​ပေး​တော်​မူ​စဉ်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ထံ​မှ​ထွက်​ခွာ​လျက်​ကောင်း​ကင် ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။-

ထို​နောက်​တ​မန်​တော်​တို့​သည်​သံ​လွင်​နာ​မည် တွင်​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ကြ​၏။ သံ​လွင်​တောင်​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခ​ရီး မိုင်​ဝက်​ခန့်​ဝေး​၏။-

ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​တ​မန်​တော်​တို့ ကြည့်​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည်​ကောင်း​ကင် ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။ ထို​နောက် မိုး​တိမ်​သည်​ကိုယ်​တော်​ကို​ဖုံး​ကွယ်​လေ​၏။

ကိုး​ကွယ်​ဝတ်​ပြု​ရန်​စု​ဝေး​သည့်​အ​ခါ​တိုင်း ၌​အ​မျိုး​သား​တို့​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု စေ​လို​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ပြီး​လျှင်​အ​မျက် ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​သ​ဘော​မ​ရှိ​ဘဲ လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ ကြ​မည်။-

ထို​နောက်​ယော​ရှု​က``သင်​တို့​သည်​သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​ဝတ်​တန်​ဆာ​မြောက် မြား​စွာ​တို့​ကို​ရန်​သူ​တို့​ထံ​မှ​သိမ်း​ယူ ရ​ရှိ​ကြ​ပြီ။ သင်​တို့​နေ​ရပ်​သို့​ပြန်​ရောက် သော​အ​ခါ ထို​ပစ္စည်း​ဥစ္စာ​များ​ကို​သင်​တို့ ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​ဝေ​မျှ​ကြ လော့'' ဟု​ဆို​၍​ကောင်း​ချီး​ပေး​လျက်​သူ တို့​ကို​ပြန်​စေ​၏။ ထို​နောက်​သူ​တို့​သည် မိ​မိ​တို့​၏​နေ​ရပ်​သို့​ပြန်​သွား​ကြ​လေ သည်။ မော​ရှေ​သည်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့ အား​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​နယ်​မြေ ကို​ခွဲ​ဝေ​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယော​ရှု​သည် ကျန်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား အ​ခြား ဣ​သ​ရေ​လ​အ​နွယ်​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​နယ်​မြေ​ကို ခွဲ​ဝေ​ပေး​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ