သင်္ဘောထဲကိုနောဧဝင်ပြီးနောက်ရေလွှမ်းမိုး သဖြင့် လူခပ်သိမ်းတို့သေကျေပျက်စီးကြ သည့်နေ့မတိုင်မီလူတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဖက်လျက်နေခဲ့ကြ၏။-
ထာဝရဘုရားသည် လူ၊ တိရစ္ဆာန်၊ ငှက်စသော သက်ရှိသတ္တဝါအပေါင်းတို့ကိုသုတ်သင်ဖျက် ဆီးတော်မူ၏။ သင်္ဘောပေါ်၌နောဧနှင့်အတူ ရှိသမျှတို့သာလျှင်အသက်ချမ်းသာရာ ရကြ၏။-
နောဧနှင့်သူ၏မယား၊ သားများနှင့်ချွေးမ များသည် ရေလွှမ်းမိုးခြင်းဘေးမှလွတ်မြောက် ရန်သင်္ဘောထဲသို့ဝင်ရောက်ကြ၏။-
ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
ဘေးအန္တရာယ်ဆိုးသည်သင်၏အပေါ်သို့ သက်ရောက်လာလိမ့်မည်။ ယင်းကိုသင်၏မှော်အတတ်ကတားဆီးနိုင် လိမ့်မည်မဟုတ်။ သင်သည်အဘယ်အခါကမျှအိပ်မက်၌ပင် မမြင်မက်ဘူးသောဆုံးပါးပျက်စီးမှုနှင့် ကြုံတွေ့ရလိမ့်မည်။
လူတို့သည်သေခြင်းမှရှင်ပြန်ထမြောက်ကြသော အခါထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ပြီ။ သူ တို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ လိမ့်မည်။-
နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။-
ထိုနည်းတူလောတ၏လက်ထက်၌လူတို့သည် စားသောက်ရောင်းဝယ်လျက်စိုက်ပျိုးတည်ဆောက် လျက်နေခဲ့ကြ၏။-
ဒါဝိဒ်ကိုထိုသူတို့ထံသို့ခေါ်ဆောင်သွားလေသည်။ ထိုသူတို့သည်ဖိလိတ္တိပြည်နှင့်ယုဒပြည်တို့မှ ပစ္စည်းဥစ္စာအမြောက်အမြားကို သိမ်းယူရရှိခဲ့ သဖြင့် နေရာအနှံ့အပြားတွင်စားသောက်ကာ အောင်ပွဲခံလျက်နေကြ၏။-