Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 17:26

Common Language Bible

နော​ဧ​လက်​ထက်​၌​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ သား​ကြွ​လာ​ရာ​ကာ​လ​၌​ဖြစ်​ပျက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊-

ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။-

နော​ဧ​သည်​ကား​ထာ​ဝ​ရ​ဘု​ရား​စိတ်​တော် နှင့်​တွေ့​သော​သူ​ဖြစ်​သ​တည်း။

သင်​သည်​ယင်း​သို့​ပြု​မည့်​အ​စား​ရယ်​မော လျက် ပွဲ​လမ်း​သ​ဘင်​ကျင်း​ပ​ကာ​နေ​ခဲ့​၏။ သိုး​နွား​များ​ကို​သတ်​၍​စား​ကာ​စပျစ်​ရည် ကို​သောက်​ခဲ့​၏။ ``နက်​ဖြန်​သေ​ရကြ​မည် ဖြစ်​၍​ယ​ခု​ငါ​တို့​စား​ကြ​သောက်​ကြ ကုန်​အံ့'' ဟု​သင်​ဆို​ခဲ့​၏။

ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​တွေ့ မြင်​လို​သော​လူ​သား​၏​နေ့​တစ်​ရက်​ရောက်​ပေ​အံ့။ သို့​ရာ​တွင်​သင်​တို့​တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-

လျှပ်​စစ်​ပြက်​သော​အ​ခါ​လျှပ်​စစ်​ရောင်​သည် မိုး​ကုတ်​စက်​ဝိုင်း​တစ်​ခု​မှ​အ​ခြား​တစ်​ခု​သို့ တိုင်​အောင် မိုး​ကောင်း​ကင်​ကို​ထွန်း​တောက်​စေ သ​ကဲ့​သို့ လူ​သား​လော​က​သို့​ကြွ​လာ​တော် မူ​သော​နေ့​၌​ဖြစ်​လိမ့်​မည်။-

သင်္ဘော​ထဲ​ကို​နော​ဧ​ဝင်​ပြီး​နောက်​ရေ​လွှမ်း​မိုး သ​ဖြင့် လူ​ခပ်​သိမ်း​တို့​သေ​ကျေ​ပျက်​စီး​ကြ သည့်​နေ့​မ​တိုင်​မီ​လူ​တို့​သည်​စား​သောက် လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ခဲ့​ကြ​၏။-

``သင်​တို့​တွင်​အ​ဘယ်​သူ​သည်​မိ​မိ​၏​လယ်​လုပ် သား​အား​သော်​လည်း​ကောင်း၊ သိုး​ကျောင်း​သား​အား သော်​လည်း​ကောင်း​လယ်​ကွင်း​မှ​ပြန်​လာ​သော​အ​ခါ `ည​စာ​စား​ရန်​အ​လျင်​အ​မြန်​လာ​၍​ထိုင်​လော့' ဟု​ဆို​မည်​နည်း။-

သင်​တို့​အား​ငါ​ဆို​သည်​ကား​ကိုယ်​တော်​သည် ဆော​လျင်​စွာ ထို​သူ​တို့​အ​တွက်​တ​ရား​သ​ဖြင့် ဖြစ်​စေ​ရန်​စီ​ရင်​တော်​မူ​ပေ​အံ့။ သို့​ရာ​တွင် လူ​သား​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ ဤ လော​က​တွင်​ယုံ​ကြည်​ခြင်း​ကို​တွေ့​ရ​ပါ မည်​လော'' ဟု​မိန့်​တော်​မူ​၏။

ယုံ​ကြည်​ခြင်း​ကြောင့်​နောင်​ကာ​လ​၌​ဖြစ်​လတ္တံ့ သော​မ​မြင်​နိုင်​သည့်​အ​မှု​အ​ရာ​များ​နှင့်​ပတ် သက်​၍ ဘု​ရား​သ​ခင်​သ​တိ​ပေး​တော်​မူ​ခြင်း ကို​နော​ဧ​သည်​ခံ​ရ​လေ​သည်။ သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​ကာ မိ​မိ ၏​အိမ်​ထောင်​စု​ကို​ကယ်​ဆယ်​ခဲ့​သော​သင်္ဘော ကို​တည်​ဆောက်​၏။ ထို့​ကြောင့်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ လေ​သည်။ နော​ဧ​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ဖြောင့်​မတ်​ခြင်း​ကို ရ​ရှိ​သ​တည်း။

ကိုယ်​တော်​သည်​ရှေး​ခေတ်​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​ကို​လည်း​ချမ်း​သာ​ပေး​တော်​မ​မူ​ခဲ့​ပေ။ ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​သည်​ဘု​ရား​မဲ့​နေ သူ​တို့​၏​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​လွှမ်း​မိုး​စေ​တော် မူ​၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​ပြော​သူ နော​ဧ​ကို​မူ​ကား​အ​ခြား​သူ​ခုနစ်​ယောက်​နှင့် အ​တူ​ကယ်​တင်​တော်​မူ​၏။-

ရှေး​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ဖြင့်​ပင်​လျှင်​လွှမ်း မိုး​ဖျက်​ဆီး​တော်​မူ​ခဲ့​ကြောင်း​ကို​လည်း ကောင်း​သူ​တို့​သည်​တ​မင်​သက်​သက်​မေ့ လျော့​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ