Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 1:54

Common Language Bible

ကိုယ်​တော်​သည်​ငါ​တို့​၏​ဘိုး​ဘေး​များ​အား ပေး​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ၊ မိ​မိ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​ကို​မ​စ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​မြို့​တော်​သည်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော် မူ​ရာ ဖြစ်​သ​ဖြင့်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျက်​စီး​ရ။ နေ​အ​ရုဏ်​တက်​စ​အ​ချိန်​၌​ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​၍​ထို​မြို့​ကို​ကူ​မ​တော်​မူ လိမ့်​မည်။

ကိုယ်​တော်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​နှင့်​အ​ညီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထား​တော်​မူ​သော က​တိ​တော်​ကို​တည်​စေ​တော်​မူ​၏။ အ​ရပ်​တ​ကာ​ရှိ​လူ​အ​ပေါင်း​တို့​သည်​ငါ​တို့ ဘု​ရား​၏ အောင်​ပွဲ​ကို​တွေ့​မြင်​ကြ​ရ​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​အ​ကြောင်း​အ​ရာ​များ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​များ​ဖြစ်​သည် ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​အား​ငါ့​၏​အ​စေ​ခံ​များ​အ​ဖြစ်​ဖြင့် ငါ​ဖန်​ဆင်း​ခဲ့​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​လိမ့်​မည်​မ​ဟုတ်။

``အို ဣ​သ​ရေ​လ၊သင်​သည်​ငါ​၏​အ​ချစ်​ဆုံး​သား၊ ငါ​၏​အ​မြတ်​နိုး​ဆုံး​သား​ဖြစ်​၏။ ငါ​သည်​သင်​၏​နာ​မည်​ကို​ထုတ်​ဖော်​၍ ပြော​ဆို​ရ​သည့်​အ​ခါ​တိုင်း​သင့်​အား​လွမ်း​ဆွတ် သ​တိ​ရ​လျက်​နေ​၏။ ငါ​သည်​သင့်​အား​ချစ်​ခင်​စွဲ​လန်း​သည်​ဖြစ်​၍ က​ရု​ဏာ​ထား​မည်။

ငါ​သည်​သူ​တို့​ထံ​သို့​ရပ်​ဝေး​မှ​ကြွ​ရောက် လာ​ခဲ့​ပေ​သည်။ အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ငါ​သည်​သင်​တို့​ကို​ထာ​ဝ​စဉ်​ချစ်​တော်​မူ သည်​ဖြစ်​၍ မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် ကို​ဆက်​လက်​၍​ပြ​ခဲ့​၏။-

ကိုယ်​တော်​သည်​ရှေး​အ​ခါ​က​အ​ကျွန်ုပ်​တို့ ၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​ရှိ​ခဲ့​သည့် အ​တိုင်း​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​၏​အ ဆက်​အ​နွယ်​များ​ဖြစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​အား​သစ္စာ​တော်၊ က​ရု​ဏာ​တော် နှင့်​အ​ညီ​ကျေး​ဇူး​ပြု​တော်​မူ​လိမ့်​မည်။ ပ​ရော​ဖက်​မိ​က္ခာ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ငတ်​မွတ်​သူ​အား​ချို​မြိန်​သော​အ​စား​အ​စာ​ကို ကျွေး​မွေး​၍၊ ချမ်း​သာ​ကြွယ်​ဝ​သူ​များ​ကို လက်​ချည်း​လွှတ်​တော်​မူ​ပြီ။

အာ​ဗြ​ဟံ​နှင့်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​များ အ​ပေါ် ထား​တော်​မူ​သော​က​ရု​ဏာ​တော်​ကို၊ အ​စဉ်​အ​မြဲ​ပြု​ခြင်း​ငှာ​သ​တိ​ရ​တော်​မူ​ပြီ ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ