Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 1:53

Common Language Bible

ငတ်​မွတ်​သူ​အား​ချို​မြိန်​သော​အ​စား​အ​စာ​ကို ကျွေး​မွေး​၍၊ ချမ်း​သာ​ကြွယ်​ဝ​သူ​များ​ကို လက်​ချည်း​လွှတ်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ဖိ​နှိပ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ တို့​အား မျက်​နှာ​သာ​ပေး​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လျက် ငတ်​မွတ်​သူ​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျဉ်း​ကျ​နေ​သူ​တို့​အား လွတ်​မြောက်​စေ​တော်​မူ​၍

ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။

ငါ​သည်​သူ​တို့​အား​မြေ​သြ​ဇာ​ကောင်း သည့်​လယ်​ယာ​များ​ကို​ပေး​၍ ပြည်​တွင်း​၌ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​ကင်း​ဝေး စေ​မည်။ အ​ခြား​လူ​မျိုး​များ​သည်​လည်း သူ​တို့​အား​အ​ဘယ်​အ​ခါ​မျှ​ပြောင်​လှောင် ကြ​တော့​မည်​မ​ဟုတ်။-

``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။

ကိုယ်​တော်​သည်​ငါ​တို့​၏​ဘိုး​ဘေး​များ​အား ပေး​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ၊ မိ​မိ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​ကို​မ​စ​တော်​မူ​ပြီ။

``ယ​ခု​အ​ခါ​ဆာ​ငတ်​နေ​သူ​တို့၊သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ဝ​ပြော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ ``ငို​ကြွေး​နေ​ကြ​သူ​တို့၊သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ရယ်​မော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။

``သို့​သော်​ကြွယ်​ဝ​ချမ်း​သာ​သူ​တို့၊သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ယ​ခု​ဘ​ဝ​၌​သက်​သာ​စွာ​နေ​ထိုင် ရ​ကြ​၏။

သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ရွေး​ကောက်​တော် မူ​ခြင်း​မ​ခံ​ရ​မီ အ​ခြေ​အ​နေ​ကို​စဉ်း​စား​ဆင် ခြင်​ကြ​လော့။ လူ​တို့​အ​မြင်​အား​ဖြင့်​သင်​တို့ အ​ထဲ​တွင်​ပ​ညာ​ရှိ​သူ၊ တန်​ခိုး​ကြီး​သူ၊ မျိုး​ရိုး ဇာ​တိ​ကြီး​မြင့်​သူ​ဟူ​၍​များ​စွာ​မ​ပါ​မ​ရှိ ပေ။-

သင်​တို့​သည်​လို​လေ​သေး​မ​ရှိ​အောင်​ပြည့်​စုံ ကြ​ပြီ​လော။ ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ လော။ ငါ​တို့​ပင်​ဘု​ရင်​မ​ဖြစ်​ဘဲ​သင်​တို့​သည် ဘု​ရင်​ဖြစ်​ကြ​လေ​ပြီ​လော။ သင်​တို့​ဘု​ရင် ဖြစ်​မှ​သာ​လျှင်​ငါ​တို့​လည်း​သင်​တို့​နှင့် အ​တူ​နန်း​စံ​နိုင်​ကြ​မည်​ဖြစ်​၍ အ​ကယ်​ပင် သင်​တို့​ဘု​ရင်​ဖြစ်​ကြ​ပါ​စေ​ဟု​ငါ​သည် ဆန္ဒ​ပြု​၏။-

အ​ခါ​တစ်​ပါး​က​ဝ​စွာ​စား​ရ​သူ​တို့​သည် ယ​ခု​အ​ခါ စား​ရ​ဖို့​အ​တွက်​သူ​ရင်း​ငှား​လုပ်​ရ​ကြ လေ​ပြီ။ သို့​ရာ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​မူ​ကား​ဝ​စွာ စား​ရ​ကြ​ပြီ။ မြုံ​သော​မိန်း​မ​သည်​သား​သ​မီး​ခု​နစ်​ယောက် မျှ​ပင်​ရ​ရှိ​၍ သား​များ​သော​မိ​ခင်​၌​မူ​ကား​တစ်​ယောက်​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ