ရှောလမုန်သီချင်း။ 5:15Common Language Bibleနှုတ်တော်သည် အလွန်ချိုပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၏။ ယေရုရှလင်မြို့သမီးတို့၊ ဤသူသည် ငါချစ်ရာသခင်၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း။ အခန်းကိုကြည့်ပါ။ |
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။-