ရှောလမုန်သီချင်း။ 5:14Common Language Bibleခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။ အခန်းကိုကြည့်ပါ။ |
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
သူ၏ခန္ဓာကိုယ်သည်ကျောက်မျက်ရတနာ ကဲ့သို့တောက်ပ၏။ သူ၏မျက်နှာသည်လျှပ် စစ်နွယ်ကဲ့သို့ပြောင်လက်လျက် သူ၏မျက်စိ များသည်မီးကဲ့သို့အလျှံထလျက်နေ၏။ သူ၏လက်ခြေတို့သည် တိုက်ချွတ်ထားသော ကြေးဝါကဲ့သို့တောက်ပ၍ သူ၏အသံ သည်လူပရိတ်သတ်ကြီး၏အော်ဟစ်သံ နှင့်တူ၏။