ရှင်ယောဟန် 8:28Common Language Bibleထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ``သင်တို့သည်လှည့်စားခြင်းမခံရ ကြစေရန်သတိပြုကြလော့။ လူအများပင် ငါ၏အယောင်ဆောင်လျက်`ငါသည်မေရှိယဖြစ် သည်' ဟုဆို၍လည်းကောင်း၊ `ချိန်းချက်သတ်မှတ် တော်မူရာအချိန်ရောက်ပြီ' ဟုဆို၍လည်းကောင်း လူတို့ကိုလှည့်စားကြလိမ့်မည်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။-
ထို့ကြောင့်သခင်ယေရှုက ယုဒအာဏာပိုင် တို့အား ``အမှန်အကန်သင်တို့အားငါဆို သည်ကားသားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြု တော်မူသည့်အမှုအရာများကိုတွေ့မြင်ရ သည့်အတိုင်းသာလျှင်ပြု၏။ ခမည်းတော်ပြု တော်မူသောအရာတို့ကိုသားတော်သည်ပြု တော်မူ၏။-