ရှင်ယောဟန် 8:27Common Language Bibleကိုယ်တော်သည်ခမည်းတော်ကိုရည်မှတ်၍မိန့် မြွက်လျက်နေကြောင်းကို ထိုသူတို့မသိကြ။- အခန်းကိုကြည့်ပါ။ |
သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။-