Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 4:47

Common Language Bible

ထို​အ​ရာ​ရှိ​သည်​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ ပြည်​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း ကို​ကြား​သ​ဖြင့် အ​ထံ​တော်​သို့​သွား​၍​သေ ခါ​နီး​ဖြစ်​သော မိ​မိ​သား​၏​အ​နာ​ရော​ဂါ ကို​ပျောက်​ကင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း လျှောက်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခို​လှုံ​ရာ၊ ငါ​တို့​စွမ်း​အား​ဖြစ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန်​အ​စဉ်​ပင် အ​သင့်​ရှိ​တော်​မူ​၏။

ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊-

သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ရောက်​ရှိ​တော် မူ​ကြောင်း​ကို​ကြာ​သိ​ရ​သော​အ​ခါ ``ဒါ​ဝိဒ်​၏ သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ ပါ'' ဟု​ဟစ်​အော်​လေ​၏။

ထို​အ​ခါ​ယာ​ဣ​ရု​ဆို​သူ​သည်​ထံ​တော်​သို့​ရောက် လာ​၏။ သူ​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​ဖြစ် ၏။ ကိုယ်​တော်​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​ကာ​သူ ၏​အိမ်​သို့​ကြွ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း ပန်​၏။-

မာ​သ​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​သာ​ဤ အ​ရပ်​တွင်​ရှိ​ခဲ့​ပါ​မူ​ကျွန်​မ​၏​မောင်​သေ မည်​မ​ဟုတ်​ပါ။-

မာ​ရိ​သည်​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ်​သို့​ရောက် သော​အ​ခါ ကိုယ်​တော်​ကို​မြင်​သ​ဖြင့်​ခြေ​တော် ရင်း​မှာ​ပျပ်​ဝပ်​လျက် ``အ​ရှင်​ဘု​ရား၊ အ​ရှင် သာ​ဤ​အ​ရပ်​မှာ​ရှိ​တော်​မူ​ခဲ့​ပါ​လျှင်​ကျွန်​မ မောင်​သည်​သေ​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက် ထား​၏။

ယင်း​သို့​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​ကြောင်း​ကို သ​ခင်​ယေ​ရှု​သိ​တော်​မူ​လျှင် ယု​ဒ​ပြည်​မှ ထွက်​ခွာ​တော်​မူ​၍​ဂါ​လိ​လဲ​ပြည်​သို့​ကြွ တော်​မူ​၏။-

ဤ​ကား​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ​ပြည်​သို့​သ​ခင် ယေ​ရှု​ကြွ​တော်​မူ​ပြီး​နောက် ဒု​တိ​ယ​အ​ကြိမ် ပြ​တော်​မူ​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ဖြစ် သ​တည်း။

လုဒ္ဒ​မြို့​သည်​ယုပ္ပေ​မြို့​အ​နီး​တွင်​ရှိ​သ​ဖြင့်​ထို မြို့​တွင်​ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား သိ​ကြ​သော​အ​ခါ ``အ​ကျွန်ုပ်​တို့​ထံ​သို့​အ​လျင် အ​မြန်​ကြွ​လာ​တော်​မူ​ပါ'' ဟူ​သော​ပန်​ကြား ချက်​ဖြင့်​လူ​နှစ်​ယောက်​ကို​ပေ​တ​ရု​ထံ​သို့​စေ လွှတ်​လိုက်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ