ရှင်ယောဟန် 4:46Common Language Bibleထိုနောက်ကိုယ်တော်သည်ရေကိုစပျစ်ရည်ဖြစ် စေတော်မူခဲ့ရာ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုမြို့၌အစိုးရအရာ ရှိတစ်ဦးရှိ၏။ သူ၏သားသည်ကပေရနောင် မြို့တွင်ဖျားနာလျက်နေ၏။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုဤသို့မိန့်မြွက်လျက်နေတော်မူ စဉ် တရားဇရပ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် အထံတော်သို့လာရောက်ပျပ်ဝပ်၏။ ထိုသူက ``အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွား ပါသည်။ သို့ရာတွင်အရှင်ကြွတော်မူ၍သူ့ အပေါ်မှာလက်တော်ကိုတင်တော်မူလျှင် သူ သည်အသက်ရှင်လာပါလိမ့်မည်'' ဟုလျှောက် ထားတောင်းပန်၏။
ကိုယ်တော်က ``သင်တို့သည် `အချင်းဆရာဝန်၊ သင့်ရောဂါကိုသင်ပျောက်အောင်ကုလော့' ဟူ သောဆိုရိုးစကားကိုအသုံးပြုကာငါ့ အားဆိုလိမ့်မည်။ ကပေရနောင်မြို့တွင်အရှင် ပြုခဲ့သည်ဟုအကျွန်ုပ်တို့ကြားသိရသည့် အမှုအရာများကို အရှင့်နေရင်းမြို့တွင် လည်းပြုတော်မူပါဟုငါ့အားမုချပြော ဆိုကြလိမ့်မည်။-